မောင်သည်သူ့ကိုအဖေ့လောင်းရိပ်အောက်ကနေလုံးဝမှကို
ဆွဲထုတ်လိုက်နိုင်လေသည်။အိမ်ထောင်စုဇယားကအစအိမ်
မှာချိတ်ထားတဲ့ဓာတ်ပုံတွေအထိအကုန်ရှင်းရှင်းလင်းလင်း
လုပ်ပစ်ခဲ့လေသည်။တစ်နေ့တစ်နေ့ဒီအဆိုးအပေလေးသည်သူ့ကိုထားစရာနေရာ
မရှိအောင်ကိုသည်းသည်းလှုပ်သည်ထက်လှုပ်လာလေတော့
သည်။ညဘက်တွေဆိုပိုပြီးတိတ်ဆိတ်လို့အလုပ်လုပ်မယ်ကြံ
ရင်ဘာအလုပ်မှလုပ်မရအောင်ကိုတောက်တဲ့ကြီးလိုလိုက်ကပ်
နေတော့၏။ဘယ်လိုမှပြောမရဆိုမရလေးသည်Gun Napatကိုတော့တုန်တက်နေအောင်ချစ်လေသည်။"P'Gun"
"ဟော Kim.....အင်္ကျီကအဆင်ပြေရဲ့လား?"
3X Ocean ရဲ့world tourအတွက်ဝတ်စုံတွေတစ်စုံ
ပြီးတစ်စုံမနားမနေစီစဉ်နေရလေသည်။မနေ့ကပြီးသွားတဲ့
ဝတ်စုံကိုအဆင်ပြေမပြေဝတ်ကြည့်ခိုင်းလိုက်တာမြန်မြန်
ဆန်ဆန်ပင်လဲဝတ်လာသူကKim Yachai။"ပြေတယ် အကုန်ကွက်တိဘဲ.....သမီးကြိုက်တယ်"
"မကြိုက်လည်းမဝတ်နဲ့ပေါ့"
နောက်ကရောက်လာသူကမောင်။သူ့သူငယ်ချင်းကိုစ,နေပြန်
တာ။"နင်နဲ့စကားမပြောဘူး"
"အခုပြောနေတာကို"
"အဲ့ဒါစကားမပြောဘူးဆိုတာကိုပြောပြတာ"
"Kim Yachai.....ရူးရင်လည်းထမင်းလွတ်ဟင်းလွတ်
ရူးစမ်းပါ"သူ့သူငယ်ချင်းမကိုကပ်သီးကပ်ဖဲ့နဲ့ကိုလိုက်စ,နေတာရယ်။
ခုနကအကတိုက်ကြတော့သူ့သူငယ်ချင်းမကကကွက်မှား
သွားတာကိုပြောလိုက်လို့တဲ့လေ.....Kimကစိတ်ဆိုးချင်
ယောင်ဆောင်နေတာမှန်းသိလို့တမင်သက်သက်လိုက်စ,နေ
တာ။"P'Gun လုံးဝကိုပြောစရာမလိုအောင်အမိုက်စားဘဲ"
နောက်ဆုံးမှအဝတ်လဲလို့ပြီးလာသူLekကသူ့ကိုယ့်သူပြန်
ငုံ့ကြည့်ရင်းGunကိုပြောနေလေသည်။"အင်း ကြိုက်ကြတယ် အဆင်ပြေကြတယ်ဆိုရင်ကိုကျေနပ်
ပြီရယ်""သူတို့မကြိုက်လည်းထားလိုက်ဘေဘီ မောင်ကြိုက်တယ်
ချစ်လည်းချစ်တယ်ဘေဘီ့ကို"

KAMU SEDANG MEMBACA
Be my man?
Romansaဟောဒီကောင်ကဆယ်စုနှစ်ချီပြီးဘေဘီ့ကိုစောင့်နေခဲ့တဲ့ ကောင်ပါ....နာရီဝက် လောက်ထပ်စောင့်လိုက်ရလို့ဘာမှမဖြစ်သွားဘူးရယ် (Mark) Mark.....P'ကမမှတ်မိခဲ့လို့တောင်းပန်ပါတယ် တစ်ယောက်တည်းထားခဲ့ မိလို့လည်းထပ်တောင်းပန်ပါတယ် (Gun) ငါကလား?သူနဲ့လေ?.....ဘာကြီး သမီးရည်...