ch eleven

82 9 20
                                        

"ဘေဘီ.....ဘေဘီ"

"ဘာဖြစ်နေတာလဲ?နေ့တစ်ပိုင်းလေးမတွေ့ရတာကိုစောက်
ဖြစ်တွေသည်းပြနေတာ"

Markကသူ့နာမည်ကိုခေါ်ပြီးအိမ်ထဲဝင်လာတော့Kimက
မဲ့ရွဲ့ကာပြောလေသည်။တကယ်ကိုနေ့တစ်ပိုင်းလေးဘဲမတွေ့ရ
သေးတာပါ။Kimပြောလည်းပြောချင်စရာအဆိုးအပေလေး။

သူတို့ကalbumအသစ်အတွက်သီချင်းတွေrecording
လုပ်ကြတဲ့နေ့မလို့ Gunမလိုက်လည်းဖြစ်တယ်ဆိုတာနဲ့
အိမ်မှာဘဲနေခဲ့လိုက်ပြီး သူတို့albumမှာဝတ်မယ့်ဝတ်စုံ
တွေကိုအသေးစိတ်ကျအောင်ပြင်ဆင်နေလိုက်သည်။

အခုသူတို့ပြန်လာတော့ထိုအဆိုးအပေလေးရဲ့အသံကို
အရင်ဆုံးကြားလိုက်ရလေသည်။အလုပ်ထဲစိတ်နှစ်ထားမိရင်
အရာရာအကုန်မေ့တတ်တာမလို့ ထိုအဆိုးအပေလေးအသံက
ပိုပိုကျယ်လာတော့မှအခန်းအပြင်ထွက်လာလိုက်ရသည်။

"ဘယ်များသွားတာလဲလို့ကွာ ချက်ချင်းမတွေ့ရတော့စိတ်ပူ
သွားတာလေ"

"ရွံလိုက်တာ Mark Siwatရာ"

Lek Dechaသည်ပြောပြောဆိုဆိုနှင့်ပင်သူ့အခန်းသူဝင်
သွားလေသည်။

"အတွဲတွေမကောင်းလိုက်တာရှင် နော် maeတို့"

Kim Yachaiသည်လည်းသူ့အမေနှစ်ယောက်ကို
အားကိုးတကြီးနဲ့လက်မောင်းချိတ်ကာပြောလေသည်။

"အဲ့ဒါ maeပြောချင်တာအဲ့ဒါလေ အလတ်မလေး"

P'Jamesသည်ဝင်ထောက်ခံပါသည်။

"ကဲ ငါတို့အတွက်အတွဲမရှိဘူး ရလည်းရမှာမဟုတ်ဘူး လာ
ဝင်စို့"

P'Aimသည်သွက်သွက်လက်လက်ပြောကာP'Jamesနဲ့
Kim Yachai ကိုလက်ကနေဆွဲခေါ်သွားလေတော့သည်။

"ဘယ်လိုဖြစ်လို့ကဲသည်းနေရတာလဲ?ပြောလည်းပြောချင်
စရာဘဲMark"

အကုန်လုံးကသူ့အခန်းသူအလျှိုလျှိုဝင်သွားကြတော့မှ
သူ့ရင်ဘတ်ကိုလက်သီးဆုပ်လေးနဲ့ခပ်ဖွဖွထိုးကာ ပြောလေ
သောအစ်ကိုကြီး။

"ဘာဖြစ်လဲ?ကိုယ့်ချစ်သူကိုကဲသည်းတာဘဲ ဘယ်သူ့ဂရုစိုက်
ရမှာလဲ?တချို့ကဲသည်းခံချင်တာတောင်ကဲသည်းပေးမယ့်လူ
မရှိလို့ ဝမ်းနည်းနေကြတာကို"

Be my man?Where stories live. Discover now