"အဖေ companyကိုဘာလုပ်လိုက်တာလဲ?"
"ရောင်းလိုက်တာလေ"
"ကျွန်တော့်ကိုမတိုင်ပင်ဘဲလား?"
"ငါ့ဟာလေ ဘာလဲ မင်းကမင်းဦးစီးနေတယ်ဆိုပြီးတော့
မင်းအပိုင်လို့တွက်လိုက်တာလား?""မဟုတ်ပါဘူး ဘာလို့ရောင်းလိုက်လဲဆိုတာတော့ပြောသင့်
တယ်ထင်တာပါ အဖေ"သူတကယ်ကိုဒါတွေမမက်မောပါ။အဖေသည်company
ကိုသူဦးစီးပေးတည်းကတစ်မျိုးမဟုတ်တစ်မျိုးပြဿ နာရှာခဲ့ပြန်ပါ
သည်။အမေ့ရဲ့မိဘတွေပိုင်တာဖြစ်ပြီးအဖေ့နာမည်နဲ့လွှဲသွား
ပေးခဲ့သောထိုcompany။ဘိုးဘွားပိုင်မို့လက်လွှတ်လိုက်
ရရင်အဖေပိုနှမြောပြီးစိတ်မကောင်းဖြစ်နေပါ့မယ်ဆိုတဲ့ စိတ်
တစ်ခုတည်းနဲ့အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်ကစပြီးဘယ်
လောက်ကြီးပင်ပန်းခက်ခဲနေပါစေရပ်တည်နိုင်အောင်အမျိုးမျိုး
အဖုံဖုံကြိုးစားခဲ့ရတာသူသိသလိုအဖေလည်းမြင်ပါသည်။ဒီနေ့ကျတော့သူ့ရုံးခန်းကနာမည်သည်လည်းအသစ်။ထိုင်ခုံ
တွင်လည်းခပ်သန့်သန့်လူတစ်ယောက်ထိုင်နေတော့မှ
အကြောင်းစုံသိခဲ့ရသည်။အဖေသည်companyကိုရောင်း
ခဲ့ပြီးဖြစ်သည်။မတတ်နိုင်ပါ....ပြောရင်လည်းရန်ဖြစ်ကြရဦးမည်ဆိုပေမယ့်
အကြောင်းအရင်းကတော့သိသင့်သည်လို့ သူထင်သည်။"ငါပိုင်တာကိုငါရောင်းတာလေ အကြောင်းပြချက်ကလိုသေး
တာလားGun Napat?""ကျွန်တော်လစ်ဟင်းတာများရှိနေလားလို့သိချင်တာပါ အဖေ
ကျန်တာကအဖေ့အပိုင်အဖေဘာလုပ်လုပ်ပါ""ဟမ့် အပြောကတော့....စိတ်ထဲတော့ငါ့ကိုမကျေနပ်နေတယ်
မလား?""ကျွန်တော်ကကျွန်တော့်လိပ်ပြာကျွန်တော်လုံတယ် အဖေ"
သူသိနေနှင့်ပြီးသောအကြောင်းအရာကိုထုတ်မပြောချင်ပေ
မယ့်လည်းပြောမှဖြစ်ပါမည်။ဒီထက်မျိုသိပ်ထားလိုက်ရင်လည်း
ကိုယ့်ကိုယ်ကိုဘာလုပ်မိမယ်မသိပါ။"ဘာသဘောလဲGun Napat?"
"ကျွန်တော်ကအမေ့တစ်ယောက်တည်းရဲ့သားဖြစ်နေလို့
ငယ်တည်းကကျွန်တော့်ကိုမကြည်ဖြူခဲ့ဘူးမလား အဖေ?
ပြီးတော့အမေ့ဗိုက်ထဲကကလေးလေးအဖေမဲ့နေမှာစိုးရိမ်
နေကြတဲ့ဘွားတို့ဘိုးတို့ဆီမှာ အဖေကသူရဲကောင်းကြီးဖြစ်
ပေးပြီးတော့companyကိုတစ်ဖက်လှည့်နဲ့ရအောင်ယူခဲ့
ပြီး......"
YOU ARE READING
Be my man?
Romanceဟောဒီကောင်ကဆယ်စုနှစ်ချီပြီးဘေဘီ့ကိုစောင့်နေခဲ့တဲ့ ကောင်ပါ....နာရီဝက် လောက်ထပ်စောင့်လိုက်ရလို့ဘာမှမဖြစ်သွားဘူးရယ် (Mark) Mark.....P'ကမမှတ်မိခဲ့လို့တောင်းပန်ပါတယ် တစ်ယောက်တည်းထားခဲ့ မိလို့လည်းထပ်တောင်းပန်ပါတယ် (Gun) ငါကလား?သူနဲ့လေ?.....ဘာကြီး သမီးရည်...