"လာ ဘေဘီ မောင်ပွေ့မယ်"
"အစ်ကိုလမ်းလျှောက်နိုင်တယ်လေ မောင်ရယ်.....ပွေ့ချီဖို့
မလိုပါဘူး"ပွေ့ချီဖို့ပြင်နေသောမောင့်လက်ကိုဆွဲရင်းလက်မောင်းကိုချိတ်
လိုက်တော့မောင်ပြုံးသည်။"မောင်အရှေ့ပေါက်ကမထွက်ဘဲဘာလို့အနောက်ပေါက်
လဲ?""ဘေဘီစိတ်ရှုပ်ရမှာစိုးလို့ လာပါ မောင့်ကိုယုံတယ်မလား"
"သတင်းထောက်တွေအများကြီးလားမောင်?"
"အဲ့ဒီဟာတွေကသတင်းရချင်တာမဟုတ်ဘူး ဖွချင်ကြတာ
မောင်ကသတင်းစာရှင်းလင်းပွဲနဲ့ကိုသေသေချာချာပြန်လုပ်
မှာမလို့ အခုချိန်ကိုအဲ့ဒီဟာတွေကိုမတွေ့ဘဲရှောင်နေလိုက်
တာ""မောင်ပင်ပန်းနေမှာဘဲ တောင်းပန်ပါတယ် အဖေ့ကြောင့်
နဲ့.....""သူ့ကြောင့်မဟုတ်ပါဘူး အရင်တည်းကဖွင့်ပြောဖို့ကစိတ်ထဲ
ရှိနေပြီးသား ဘေဘီတို့အားလုံးဝိုင်းတားထားကြလို့လေ....
အမှန်တကယ်ကသူ့ကိုကျေးဇူးတင်ရမှာ သူ့ဆီကတိတ်တိတ်
ပုန်းဆိုတဲ့စကားကြောင့်မောင်ကဘာဖြစ်ဖြစ်ဆိုပြီးဖွင့်ချလိုက်
တာလေ"ပြောရင်းGunပုခုံးဘေးကိုဖက်ရင်းမနာအောင်ဖွဖွညှစ်ထား
သေးသည်။"မောင်.....3X Oceanက?"
"အင်း အဲ့ဒါကတော့oceanicတွေကဆုံးဖြတ်ပေးမှာပေါ့
3X Oceanထဲကနေထွက်သွားပေးဆိုရင်လည်းမောင်က
ကျေကျေနပ်နပ်ထွက်သွားမှာပါ ဒါပေမယ့်oceanicတွေက
မောင့်ကိုနားလည်ပေးကြမှာမောင်သိတယ် သူတို့အားပေးနေ
တဲ့အဆိုတော်ကအချစ်ရေးအကြောင်းဖွင့်ချလိုက်လို့ စိတ်
မကောင်းဖြစ်ရင်ဖြစ်သွားကြလိမ့်မယ် မောင့်ကိုတော့နားလည်
ပေးကြမှာမောင်သိတယ်"မောင်သည်သူ့oceanicတွေအကြောင်းများပြောရင်လေ
မျက်လုံးလေးတွေကအရောင်တွေတလက်လက်။oceanic
တွေကိုသူသိပ်ချစ်တာ။"မောင်ဘယ်လိုဖြစ်စေချင်လဲ?အစ်ကိုကမောင့်ဆုံးဖြတ်ချက်
အတိုင်း......""ရှူး ဘာတွေလဲဘေဘီ မောင်ကဘေဘီ့လက်ကိုတွဲပြီး
Oceanicတွေကိုရဲရဲဝံ့ဝံ့မေတ္တာတွေပေးချင်တာလေ....
ဘေဘီ့ကိုလူသိမခံသူသိမခံနဲ့ထားပြီးလိပ်ပြာမလုံမလဲနဲ့
Oceanicတွေကိုမေတ္တာပေးချင်တာမဟုတ်ဘူး.....မောင်
သည်ဒီလူသားကိုဘဲကြည့်ပြီးဒီလူသားနဲ့ဘဲရိုးမြေကျချင်တာ
ကိုမောင့်Oceanicတွေကိုကြွားချင်တာ"
ESTÁS LEYENDO
Be my man?
Romanceဟောဒီကောင်ကဆယ်စုနှစ်ချီပြီးဘေဘီ့ကိုစောင့်နေခဲ့တဲ့ ကောင်ပါ....နာရီဝက် လောက်ထပ်စောင့်လိုက်ရလို့ဘာမှမဖြစ်သွားဘူးရယ် (Mark) Mark.....P'ကမမှတ်မိခဲ့လို့တောင်းပန်ပါတယ် တစ်ယောက်တည်းထားခဲ့ မိလို့လည်းထပ်တောင်းပန်ပါတယ် (Gun) ငါကလား?သူနဲ့လေ?.....ဘာကြီး သမီးရည်...