~ ၂၉ ~

63 7 2
                                    

[ Unicode ]
-----------------

" ဖေဖေ မေမေ့ကိုမုန်းလား "

" ဟင် "

ဂုဏ်ထူး ၂ ခုနဲ့အတူဆယ်တန်းအောင်ပြီးသွားလို့ တက္ကသိုလ်စတက်ရတော့မဲ့သားဖြစ်သူဆီကနေ ပထမဆုံးထူးထူးဆန်းဆန်းကြားလိုက်ရတဲ့စကားကြောင့် ဖေဖေသိပ်အံ့သြသွားပုံပင် ။

အင်းလေ ကျွန်တော်ကလည်းတော်တန်ရုံဆိုရင် မိဘနှစ်ပါးရဲ့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ဆိုးသည်ကောင်းသည် ပေါ်ပေါ်ထင်ထင်ထုတ်မေးဖူးတာမှမရှိတာ ။ မြင်သမျှအရာအားလုံးကိုမမြင်သလို ၊ ကြားသမျှအရာအားလုံးကိုဘာမှမကြားခဲ့သလို တစ်ယောက်တည်းကျိတ်မှိတ်မြိုသိပ်ပြီးနေလာခဲ့တာ နှစ်တွေကြာသွားပြီပဲ ။

အခုမှ ဖေဖေနဲ့စာကြည့်ခန်းထဲမှာ ၂ ယောက်တည်းရှိနေတုန်းမေးကြည့်ချင်ခဲ့တဲ့စကားတစ်ခွန်းကို စိတ်လိုလက်ရထုတ်မေးလိုက်ပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်းဖေဖေပြောလာမည့်အဖြေကိုကြားချင်ရဲ့လားဆိုတာမသေချာပါ ။

ဖေဖေကတော့သက်ပြင်းမျှင်းမျှင်းချရင်း တောင်းပန်တိုးလျှိုးသောမျက်လုံးတွေဖြင့် စိတ်မကောင်းသလိုအတန်ငယ်စိုက်ကြည့်ပြီးနောက်

" ဖေဖေ သားရဲ့မေမေကိုမမုန်းပါဘူး "

" ဒါဆိုဘာလို့မချစ်တာလဲ "

ဒုတိယအကြိမ်ထပ်မံဆွံ့အသွားသောဖေဖေ့ခမျာ အသင့်တော်ဆုံးအဖြေတစ်ခုကို ကျွန်တော်လက်သင့်ခံနိုင်ပြီးကြားလို့ကောင်းအောင် တွေးတွေးဆဆစဥ်းစားချင့်ချိန်နေပုံပေါ်သည် ။

" ပွင့်ပွင့်လင်းလင်းသာပြောပါဖေဖေ ... ကျွန်တော်အရွယ်ရောက်နေပါပြီ .. ဖေဖေနဲ့မေမေရဲ့ဆက်ဆံရေးကိုနားလည်သင့်သလောက်နားလည်ထားပြီးသားမို့လို့ ဖြေရခက်မနေပါနဲ့ ... ကျွန်တော်အဲ့လောက်မတုံးသေးဘူး ... တချို့တဝက်ကိုတော့ရိပ်မိပါတယ် "

" သား "

" ဖေဖေမစိုးရိမ်ပါနဲ့ ... ကျွန်တော်ဖေဖေ့ကိုခါးခါးသီးသီးမမုန်းသွားနိုင်ပါဘူး .. မမုန်းခဲ့လို့လည်း ဖေဖေ့အနားမှာဆက်ရှိနေတာပေါ့ "

ကျွန်တော်အားလုံးသိနေမှန်း ဖေဖေကမမျှော်လင့်ထားလို့ထင်တယ် ၊ အနေရခက်သလိုမျက်နှာအမူအယာက သားဖြစ်သူအပေါ်မှာများစွာသနားဂရုဏာသက်သွားပုံရသည် ။ တည်တံ့ထိုင်နေတဲ့ခုံဘေးမှာမတ်တပ်လာရပ်ပြီး ကျောပြင်ကိုသိုင်းဖက်ကာပခုံးစွန်းကိုဖွဖွပုတ်ပေးလေ၏ ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now