~ ၂၄ ~

60 5 0
                                    

[ Unicode ]
-----------------

တူလေးဆီကနေခေတ္တခဏတောင်းယူထားခဲ့တဲ့ အဖြူအမည်းဓာတ်ပုံလေးကို လွမ်းဆွတ်ရီဝေစွာငေးစိုက်ကြည့်လိုက်မိသည် ။

ထိုပုံထဲမှ ၁၀ နှစ်အရွယ်ခန့် အမြွှာမောင်နှမ ၂ ယောက်ကတော့ ဦးသက်ဆိုင်သူကိုပြူးကြောင်ကြောင်လေးပြန်လည်ကြည့်နေတဲ့အတိုင်း ။ တစ်ချိန်တုန်းကကျွန်တော့်အတွက်ဆိုပြီးအမေကိုယ်တိုင်မိမြတ်နဲ့အတူ တစ်ယောက် ၁ ပုံစီပေးထားခဲ့တဲ့ဓာတ်ပုံလေးပေါ့ ။ ယခုတော့ ကျွန်တော်မပိုင်တော့ပါဘူး ။

ရန်ကုန်မြေကနေထွက်လာကတည်းက ထိုပုံလေးကိုကောကျွန်တော့်ရဲ့အတိတ်ကိုပါချန်ထားရစ်ခဲ့ပြီးပြီမလား ။ သို့သော် အမေကတော့သက်ဆိုင်ကျန်ခဲ့သောဒီပုံလေးကို အဖေမသိအောင်အမြတ်တနိုးသိမ်းထားခဲ့တယ်ဆိုပဲ ။

ဒါကြောင့် တူဖြစ်သူဆီကနေပိုင်ရှင်ဖြစ်တဲ့ကျွန်တော်ကပြန်လည်တောင်းယူမိခဲ့သည် ။ သားတည်ကကျွန်တော့်ကိုအပိုင်ပြန်ပေးသော်လည်း ကျွန်တော့်ဆီမှာရှိနေတာထက် အမေ့လက်ထဲမှာအမှတ်တရအနေနဲ့သတိရချိန်တိုင်းထုတ်ကြည့်လို့ရအောင် ဆက်သိမ်းထားတာကပိုပြီးအဓိပ္ပာယ်ရှိပါလိမ့်မယ် ။

သက်ဆိုင်ကိုယ်တိုင်အမေ့နားမှာလူကိုယ်တိုင်မနေပေးနိုင်ပေမဲ့ ဓာတ်ပုံလေးနဲ့ပဲဖြစ်ဖြစ်တတ်နိုင်သမျှအဖော်ပြုပေးချင်၏ ။

ဆေးသားတွေနွမ်းဖျော့လာသော ထိုအဖြူအမည်းဓာတ်ပုံလေးကိုတစ်လှည့် လက်ထဲမှာညင်ညင်သာသာဆုပ်ကိုင်ထားတဲ့ဝါညစ်ညစ်ပုဝါလေးကိုတစ်လှည့်ကြည့်ရင်း သက်ပြင်းမျှင်းမျှင်းရှိူက်လိုက်မိသည် ။ အုံ့မှိုင်းတင်းကြပ်နေတဲ့နှလုံးသားကလည်း လေးပင်နင့်သီးလျှက် ။

ဒီနေ့ကျမှဘယ်လိုဖြစ်တယ်မသိပါဘူး .. မိမြတ်ကိုကော အမေ့ကိုကောအရမ်းသတိရနေတယ် ... ပြီးတော့ သူ့ကိုကော ။

ရက်ရက်စက်စက်ချန်ထားရစ်ခဲ့တဲ့ကျွန်တော့်ကို သူကပြန်ပြီးလောကကြီးထဲကနေတစ်သက်စာစွန့်ခွာထွက်သွားခဲ့ပြီ ။ သက်ဆိုင်နှင့်ပြန်မဆုံနိုင်သေးခင် အညိုးနဲ့များလက်စားချေခဲ့သလား ချစ်သူ ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now