~ ၃၂ ~

59 7 6
                                    

[ Unicode ]
-----------------

တည်တံ့စေနဲ့တံခွန်နဲ့ အခန်းထဲမှာစမြည်ပြောခဲ့ပြီးနောက်တိတ်တဆိတ်ပဲထိုင်နေကြတုန်း သူကျွန်တော့်အနားကနေရုတ်တရက်ကြီးထသွားသည် ။ ဘာများဖြစ်လို့လဲသိချင်စိတ်ဖြင့်မော့ကြည့်လိုက်တော့ တံခွန်ကအခန်းတံခါးနားသို့လျှောက်သွား၍ ကျွန်တော်ရဲ့အကြည့်တွေကလည်းသူ့နောက်ကျောပြင်မှာကပ်ပါသွား၏ ။

ထိုအခါကျမှ တံခါးပေါက်မှာရပ်နေတဲ့သူကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရတာကြောင့် ရင်ထဲထိတ်ခနဲ ။

မေမေ ။

မှုန်မှိုင်းဆွေးမြေ့နေသောမေမေ့မျက်လုံးများက အခုချိန်ထိမျက်ရည်ခိုးတွေဝေနေတုန်း ။ စိတ်မကောင်းဖြစ်နေတဲ့မေမေ့ရဲ့မျက်နှာအမူယာကလည်း ပြိုတော့မဲ့မိုးလိုကျွန်တော့်ထံသို့လှမ်းကြည့်နေပါသည် ။ မေမေ့ကိုတွေ့လိုက်ရတော့တည်ငြိမ်နေပြီဖြစ်တဲ့ကျွန်တော့်ရဲ့စိတ်က အပြစ်ရှိသူတစ်ယောက်လိုမျိုးဝမ်းနည်းအားငယ်စွာ ။ တောင်းပန်တိုးလျှိုးမှုများနှင့်ပြန်ပြီးမလှုပ်မယှတ်ငေးစိုက်ကြည့်နေသောကျွန်တော့်အနားကို တရွေ့ရွေ့လျှောက်လှမ်းလာတဲ့မာတာမိခင် ။

မေမေ့ကိုတောင်းပန်စကားပြောဖို့တောင်နူတ်စေးနေကာ ချက်ချင်းအသံမထွက်နိုင် ။ ကုတင်ပေါ်မှာပဲဆက်ထိုင်နေရင်း ကျွန်တော်မှားပါတယ်မေမေလို့အသံတိတ်ကျိတ်ပြီးတောင်းပန်နေခဲ့တာကို မေမေ့ရင်ထဲမှာခံစားမိလောက်မှာပါ ။

စောစောတုန်းကတွေ့ခဲ့ရတဲ့ ဒေါသတွေ ၊ ခက်ထန်တင်းမာမှုတွေ ၊ နာကျင်မှုတွေမရှိတော့သောမေမေ့မျက်နှာက ဝမ်းနည်းမှုတစ်ခုတည်းကသာသနားစဖွယ်လွှမ်းခြုံထားလေသည် ။

" မေမေ "

အားတင်းပြီးခေါ်လိုက်သောအခါ မေမေ့ရဲ့မွှေးပျံ့ပျံ့ကိုယ်နံ့သင်းသင်းကကျွန်တော်နှင့်မျက်နှာချင်းဆိုင်ဖြစ်သွားသည် ။ မေမေ့ခန္ဓာကိုယ်အပူငွေ့ကနေတဆင့်ရတဲ့အနွေးဓာတ်ဟာ တည်တံ့ရဲ့တစ်ကိုယ်လုံးသို့ဖုံးအုပ်လိုက်သလိုဖြစ်သွား၍ နှလုံးသားကသိမ့်ခနဲ ။

မျက်ရည်စတွေခိုတွဲနေသောအကြည့်နဲ့ပဲ မေမေကကျွန်တော့်ကိုငုံ့မိုးထားရင်း ညင်ညင်သာသာပွေ့ဖက်လိုက်သည် ။ မေမေ့ရဲ့ရင်ခွင်ထဲမှာမျက်နှာမှောက်အပ်ထားပြီး မေမေ့ရဲ့အိစက်စက်ခါးလေးကိုလက် ၂ ဖက်စလုံးနဲ့တင်းတင်းကြပ်ကြပ်သိုင်းဖက်ကာ စိတ်ပင်ပန်းမှုတွေကိုအမောဖြေရ၏ ။ ကျွန်တော့်ရဲ့ဦးခေါင်းအားလက်တစ်ဖက်နှင့်ယုယုယယပိုက်ထွေးကာဆံပင်ဖျားတွေကိုဖွဖွပွတ်ပေးရင်း ကျန်လက်တစ်ဖက်ဖြင့်ကျောပြင်သို့ကြင်ကြင်နာနာပုတ်ပေးနေသည် ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now