~ ၂၆ ~

52 9 2
                                    

[ Unicode ]
-----------------

အရမ်းလှတဲ့နေရာတစ်ခုကိုသိထားတယ် ။ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်လိုက်ပို့ပေးမယ် ။ မနက်ဖြန်မနက်စောစော အောက်ထပ်မှာစောင့်နေမှာမို့လို့ ပြင်ဆင်ပြီးထွက်လာခဲ့ပါ ။ မသွားချင်ဘူးဆိုရင်တော့ အဲ့မြင်ကွင်းကိုအလွဲခံလိုက်တဲ့ခင်ဗျားအတွက် နှမြောစရာပဲ ။

စာကြွင်း * တစ်နေကုန် guide လိုက်လုပ်ပေးဖို့ အလုပ်တစ်ရက်နားထားတဲ့ကျုပ်ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချစေချင်တယ်

( ၇ )

ဒါပဲ ။ ရေးထားသမျှစာက အဲ့ဒါအကုန်ပဲ ။

သို့သော်လည်း တည်တံ့စေတစ်ယောက်ဒါလေးကိုတောင်အခေါက်ခေါက်အခါခါဖတ်နေမိတာအကြိမ်ပေါင်းများစွာ ။ sticky note စာရွက်သေးသေးလေးပေါ်တွင် ခပ်သော့သော့နဲ့ပူးပူးကပ်ကပ်ရေးထားတဲ့လက်ရေးကတစ်မျိုးကြည့်ကောင်းလှသည် ။ ကျွန်တော့်ရဲ့အခန်းတံခါးမှာ ဘယ်အချိန်တုန်းကလာကပ်လိုက်လဲမသိဘူး ။

ဝေယံတို့ တကွတ်တို့နဲ့စကားလက်ဆုံပြောပြီး ညအိပ်ရာဝင်ဖို့ကိုယ့်အခန်းကိုယ်ပြန်လာတော့မှ ဘွားခနဲမြင်လိုက်ရတဲ့ကပ်ခွာစာရွက်အဝါရောင်ကလေး ။ အိမ်ပေါ်ထပ်ကိုတက်မဲ့သူကကျွန်တော်တစ်ယောက်တည်းပဲရှိတာကြောင့် ထိုစာရွက်လေးကိုလည်းကျွန်တော်တစ်ယောက်တည်းပဲမြင်သည် ။ မှင်အမည်းနဲ့ရေးထားသောစာလုံးများကိုစိုက်ကြည့်လိုက်ရင်း ဘယ်သူပေးမှန်းအလိုလိုခန့်မှန်းလို့ရနေပြီ ။

မနေ့ညကအဖြစ်ပျက်ကြောင့် သူနဲ့ကျွန်တော်ကြားမှာအတော်လေးကသိကအောက်ဖြစ်သွားခဲ့တယ်မဟုတ်လား ။ ဒီနေ့တစ်နေကုန် သူ့မှားခဲ့တဲ့စကားတစ်ခွန်းအတွက် တောင်းပန်ချင်နေမှန်းလည်းတည်တံ့သိသည် ။ ကျွန်တော့်အနားလာဖို့အခွင့်ရေးကိုစောင့်နေမှန်းလည်းအကဲခတ်မိ၏ ။

ဒါပေမဲ့ ကျွန်တော်သူနဲ့စကားမပြောချင်ဘူး ။ တမင်သက်သက်မျက်နှာချင်းတောင်မဆိုင်ဖြစ်အောင်ရှောင်ဖယ်ပြီးလျစ်လျူရှူခဲ့၍ သူ့ဘက်ကအတော်လေးအကြပ်ရိုက်နေတဲ့ပုံစံကိုတွေ့ရသော်လည်း ဂရုမစိုက်မိပါ ။ ကျွန်တော်ကသူလက်လွတ်စပယ်ပြောချင်တိုင်းပြော ဆိုချင်တိုင်းဆိုရလောက်တဲ့အငယ်လည်းမဟုတ် ။

ဝေး ( ongoing ) ေဝးDonde viven las historias. Descúbrelo ahora