[ Unicode ]
-----------------ချစ်သော်ငြားလည်း
ကံကခွဲရင် ကွဲရတာပဲကမ္ဘာကကျဥ်းရင်တောင်
ကံကုန်ရင် ပြန်မဆုံနိုင်တော့ဘူး#အယ်လီယို
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဆေးရောင်မှိန်နေပြီဖြစ်တဲ့အနက်ရောင်ကတ်ဆတ်လေးကို လက်ချောင်းများဖြင့်အသာအယာပွတ်သတ်လိုက်မိတော့ ဦးသက်ဆိုင်သူရဲ့ရင်ထဲတွင်အလွမ်းထုထည်ဟာပိုပိုတိုးလာခဲ့သည် ။
အပြင်ဘက်မှာတော့ ညကမှောင်သည်ထက်မှောင်နေပြီး စာကြည့်မီးအိမ်လေးရဲ့အလင်းရောင်ကသာအခန်းတစ်ခုလုံးသို့လွှမ်းခြုံထားပါ၏ ။ တိတ်ဆိတ်ခြင်းကအတွေးတွေကိုပို၍ကွန့်မြူးကျယ်ပြန့်စေတယ်ဆိုတဲ့အတိုင်း ။ အခန်းလေးထဲမှာငြိမ်သက်စွာမတ်တပ်ရပ်နေသောတစ်စုံတစ်ယောက်ရဲ့အတွေးတွေသည်လည်း ဟိုးအတိတ်ကာလဆီသို့လွင့်မျောချင်တိုင်းလွင်မျော့နေတော့တာ ။
ကတ်ဆက်အဟောင်းလေးရဲ့ဘေးမှာအစီအရီထပ်ထားသောတိတ်ခွေချပ်များ ။ တစ်ခုတည်းသောတိတ်ခွေလေးကိုသိပ်မရှာလိုက်ရပါ ။ " ချစ်သူအတွက် " ဆိုတဲ့စာလုံးတွေက ကျွန်တော့်ကိုဝမ်းပမ်းတနည်းငေးကြည့်နေခဲ့သည် ။
တစ်ချိန်တုန်းက ကိုယ်ပေးခဲ့ဖူးတဲ့အရာလေးမှာ အခုတော့ပိုင်ရှင်မဲ့ခဲ့ပြီ ။ ဒါမှမဟုတ် မူလပိုင်ရှင်ဆီကိုပြန်ရောက်စေချင်လို့များလားလေ ။
ထို့နောက် ညီညီညာညာနဲ့တန်းစီထောင်ထားတဲ့စာအုပ်တွေဘက်သို့ ရီဝေနေသောမျက်လုံးများဖြင့်အတန်ကြာငေးကြည့်လိုက်မိပြန်၏ ။ နံရံမှာချိတ်ဆွဲထားတဲ့ပန်းချီကားတွေ ၊ စာကြည့်စားပွဲပေါ်မှာသပ်သပ်ရပ်ရပ်တင်ထားတဲ့ပစ္စည်းအတိုထွာတွေ ၊ အဖြူရောင်ပန်းအတုလေးထိုးစိုက်ထားတဲ့စားပွဲတင်ပန်းအိုးတစ်လုံး ၊ ကျွန်းဗီဒိုအသေးလေးတစ်ခု ၊ အခန်းထောင့်မှာကပ်ပြီးထောင်ထားတဲ့ ခေါက်ကုတင်တစ်ခု ။ ပစ္စည်းပစ္စယျာများများစားစားမထည့်ထားသောအခန်းငယ်ထဲမှာ ကြည့်ရူ့စရာထွေထွေထူးထူးသိပ်မရှိသော်လည်းကျွန်တော့်အတွက်ကတော့ ငေးလို့မဝ စူးစမ်းလို့မဝ ထိတွေ့လို့မဝနိုင်ပါ ။
ŞİMDİ OKUDUĞUN
ဝေး ( ongoing ) ေဝး
Romantizm[ Unicode ] ----------------- အလွမ်းရယ်မပြယ် အချစ်ကဘယ်ဆီဝယ် ဆုံမှတ်တွေလွဲဖယ် ကျီစယ်တဲ့ကြမ္မာငယ် ချစ်ပါလျှက်ဝေးစေတယ် [ Zawgyi ] ---------------- အလွမ်းရယ်မပြယ် အချစ်ကဘယ်ဆီဝယ် ဆုံမှတ်တွေလွဲဖယ် ကျီစယ်တဲ့ကြမ္မာငယ် ချစ်ပါလျှက်ဝေးစေတယ် Moon ( Owncreation...