~ ၃၃ ~

54 7 0
                                    

[ Unicode ]
-----------------

" အမေ "

ကျောက်ရုပ်တစ်ရုပ်လိုခပ်တောင့်တောင့်လေးဖြစ်သွားတဲ့အပြင် ပြုံးနေတဲ့အမေ့မျက်နှာလေးကပါရုတ်ချည်းဆိုသလိုဇဝေဇဝါဖြစ်ပြီးငေးငိုင်ကျသွားသည် ။ တုံတုံချိချိနဲ့ကားနားသို့လျှောက်လာတဲ့အမေ့ရဲ့ခြေလှမ်းများလည်းရပ်တန့်သွားကာ မျက်လုံးတွေကိုအားထည့်ပြီးမျက်မှောင်ကျုံ့ထားရင်းစူးစိုက်ကြည့်လေ၏ ။

" အမေ ... ကျွန်တော်ပါ "

သိသိသာသာအဖျားခတ်တုန်ယင်သွားတဲ့အသံလှိုင်းကို အမေကောင်းကောင်းကြားလိုက်ရမှာပါ ။ မယုံကြည်နိုင်စွာအံ့သြဘနန်းဖြစ်သွားသောအမေ့အမူအယာက သက်ဆိုင်ရဲ့အသံကိုမှတ်မိနေမှန်းသက်သေပြပေးခဲ့သည် ။

ထို့နောက် သူ့မြေးရဲ့လက်ဖျားတွေကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ရင်းအတည်ပြုသလိုမော့ကြည့်တော့ ပြုံးနေတဲ့ပီတိမျက်နှာနဲ့သားတည်ကခေါင်းတဆက်ဆက်ညိတ်ကာ

" အမေကြီးတွေ့ချင်နေတဲ့သူလေ "

" ဒါ ဒါဆို "

စကားသံဆက်ထွက်မလာတော့ပဲ မျက်ရည်အဝိုင်းသားနဲ့ကျွန်တော့်ကိုလှမ်းကြည့်ပြီးနောက် တုန်ယင်နေတဲ့လက်အစုံဖြင့်အနားတိုးလာသည် ။

လက်မောင်း ၊ ပခုံးနဲ့ရင်ဘတ်တွေကိုအစုန်အဆန်ထိတွေ့ကိုင်တွယ်ရင်း အိပ်မက်ဟုတ်မဟုတ်စမ်းစစ်နေသည့်မိခင် ။ ဦးသက်ဆိုင်သူရဲ့နှလုံးသားတစ်ခုလုံးလှိုက်ဖိုနွေးထွေးသွားရုံတင်မကပဲ စိတ်လှုပ်ရှားမှုကြောင့်တဒိတ်ဒိတ်အခုန်မြန်လျှက် ။ ငိုချင်စိတ်ကိုနိူးဆွပေးနေတဲ့ခံစားချက်က လည်ချောင်းထဲမှာတစ်ဆို့နေပါတော့သည် ။

" သားလား .. တကယ်ပဲ သားသက်ပါနော် "

" ဟုတ်ပါတယ် အမေ ... ကျွန်တော်ပါပဲ "

" အမလေး ! အမေ့သားအစစ်ပဲ .. ဝမ်းသာလိုက်တာသားရယ် ဝမ်းသာလိုက်တာ ... အမေအရမ်းသတိရနေခဲ့တာ ... နောက်ဆုံးတော့ အမေ့သားနဲ့အမေပြန်တွေ့ရပြီ .. အမေပျော်လိုက်တာကွယ် "

" ကျွန်တော်လည်းအမေ့ကိုလွမ်းနေတာပါ "

" မင်းနှယ့် နေနိုင်လိုက်တာ .. အမေ့ကိုပါစိတ်နာသွားတာလားဟင် ... အမေ့ကိုပါမုန်းနေပြီပေါ့ ... အမေ့ဆီကိုအခုမှပဲပြန်လာတော့တယ်နော် "

ဝေး ( ongoing ) ေဝးWhere stories live. Discover now