"ဟို ငါတို့အဆောင်ရှေ့မှာရပ်ပြီး ဆရာမဒေါ်မာလာနဲ့ စကားပြောနေတာ အသစ်ပြောင်းလာတဲ့ ကျောင်းအုပ်ကြီးဆိုတာလေ"
နေ့လည် ကျောင်းဆင်းချိန်ဖြစ်၍ သူငယ်ချင်းနှစ်ယောက် ကျောင်းရှေ့ရှိ မုန့်ဆိုင်သို့ မုန့်သွားဝယ်ပြီး ကျောင်းထဲသို့ ပြန်အလာတွင် သိမ့်သိမ့်မှ ပြောလိုက်ခြင်းဖြစ်သည်။
အရင် ကျောင်းအုပ် ဆရာမကြီးက ပင်စင်ယူသွား၍ နောက်ထက် ကျောင်းအုပ် အသစ် တစ်ယောက် ရောက်လာခြင်းသာ။
"အင်း ဆိုးတော့မဆိုးဘူးဟ မျက်မှန်လေးနဲ့ ချောတယ်နော်"
လေပြေက ဆရာမကြီးကို သေချာကြည့်ကာ ပြန်ပြောလိုက်လေသည်။
ဆရာမကြီးသည် ခန္ဓာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ဒေါင်ကောင်းကောင်းဖြစ်သည်။ အသားအရောင်မှာ ဖြူဥဥလေးနှင့် ပါးကလေးနှစ်ဖက်မှာလည်း မို့ဖောင်းနေသည်။
သနပ်ခါးကို ခပ်ပါးပါးလေးသာ လိမ်းခြယ်ထားပြီး ဆံထုံးထက်တွင်လည်း နှင်းဆီပန်း ပန်းရောင်အရင့်လေးကို ပန်ဆင်ထားသေးသည်။ နှုတ်ခမ်းသား ခပ်ပါးပါးတို့ထက်တွင်လည်း မည်သည့်ဆိုးဆေးအရောင်မျှ တင်ထားခြင်း မရှိသည့်တိုင် ပန်းနုရောင်လေး သန်းနေလေသည်။
နှဖူးပြင်ပေါ်သို့ ဝေ့ဝဲကျနေသော ဆံသားအိအိတို့ အောက်တွင် လေးထောင့်မှန်နှင့် ကိုင်းအညိုရောင်လေးပါသော မျက်မှန်ကို တပ်ဆင်ထားရာ အလွန်ပင် ကျက်သရေရှိလှပေသည်။ အသက်မှာလည်း အလွန်ဆုံးရှိမှ ၄၂ လောက်ပင် ရှိလိမ့်ဦးမည်။
"အမယ်လေး မဆိုးဘူးလုပ်မနေနဲ့ အစ်မတော် ကြည့်ရတာ အရင်ကျောင်းအုပ်ထက်တောင် ကြမ်းမယ့်ပုံနော်"
ဆရာမကြီးဆီက မနက်ကမှ လောလောလတ်လတ် အဆူခံ ထားရသူ ပီပီ သိမ့်သိမ့်က နှုတ်ခမ်းကို ရွဲ့၍ ပြောလိုက်တော့သည်။
"ငါတော့မထင်ဘူး အေးမယ့်ပုံလေးပါ"
"နင်ကသာ မထင်ဘူးလုပ်နေ မနက်ကပဲ ငါအအော်ခံရပြီးပြီ"
"နင်က ဘာသွားလုပ်လို့ ဒီနေ့မှရောက်တဲ့ ကျောင်းအုပ်အသစ်စက်စက်ဆီကတောင် အဆူခံရတာလဲ"
YOU ARE READING
ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed)
Romance"ငါ့ နှလုံးသား တစ်ချက်ခုန် လိုက်တိုင်းသည် မနေ့ကနှင့် ကွာ မနေ့ကလို မနာတော့ပြီ သူ့မျက်နှာ ခဏမြင် လိုက်ကတည်းက စပြီး ငါသည် အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီ........." 🌹💝 #စိုင်းခမ်းလိတ် 🤍