Episode - 8 (Uni) 🍇💜

1.8K 120 5
                                    

"ရောက်ပြီ သမီး ရှေ့က 'ချိုဝတ်ရည်' ဆိုတဲ့ဆိုင် ဆရာမကြီးဝယ်နေကျ"

လေပြေလည်း ဆိုင်ရှေ့အရောက်တွင် ဆိုင်ကယ် ရပ်ပေးလိုက်ပြီး ဆရာမကြီးနောက်မှနေ၍ ဆိုင်ထဲသို့ လိုက်ဝင်ခဲ့လေသည်။

ဆရာမကြီးသည် ခရမ်းရောင် ပါတိတ်ဝမ်းဆက်လေးကို ဝတ်ဆင်ထားပြီး ဆံပင်တွေကို ဘယ်ဘက်ပုခုံးပေါ်သို့ သပ်ချထားလေသည်။

လေပြေကတော့ သူမခန္ဓာကိုယ် ပိန်ပိန်ရှည်ရှည်ပေါ်တွင် အပြာရင့်ရောင် ခါးတိုအင်္ကျီ အကျပ်နှင့် ထဘီစကပ်အဖြူလေးကို တွဲဖက်ဝတ်ဆင်ထားပြီး ခါးလယ်လောက်ရှိသော ဆံပင်တွေကို ခပ်မြင့်မြင့်လေး မြှောက်စီးထားလေသည်။

ဆိုင်ရှေ့ ခပ်လှမ်းလှမ်းတွင်ရှိသော အုတ်ခုံပေါ်၌ ထိုင်နေသော ယောက်ျားလေး တစ်ချို့သည် လေပြေ့အား အပြိုင်အဆိုင်ပင်ကြည့်နေကြသည်ကို ဆရာမကြီး မြင်သွားတော့သည်။ လေပြေသည် ၁၆ နှစ် ဆိုသည့်တိုင် ခန္ဓာကိုယ်မှာ ပိန်ပိန်သွယ်သွယ်နှင့် သူ့နေရာနှင့်သူ ဖွံ့ဖွံ့ထွားထွား ရှိလေသည်။ အင်္ကျီမှာ ခါးတိုဖြစ်တာရယ် ကိုယ်နှင့်ကွက်တိ ဝတ်ထားတာရယ်ကြောင့် သူမ၏ ကောက်ကြောင်းမှာ အထင်းသား ဖြစ်နေတော့သည်။

"သမီး လာ ဆရာမကြီးရှေ့ကို"

ဒေါ်ယဉ်ယဉ်မှာ ဒေါ်သထွက်နေသဖြင့် လေပြေ့ကို ခေါ်သောအသံမှာ အနည်းငယ် မာသွားလေသည်။

"ဟုတ်ကဲ့"

လေပြေလည်း မျက်နှာငယ်လေးနှင့် သူမရှေ့သို့ ရောက်လာတော့သည်။

"အပေါ် ထပ်အင်္ကျီ ခါးရှည်လေး တစ်ထည်လောက် ပြပေးပါ"

ဟု ပြောသော ဒေါ်ယဉ်ယဉ် ကြောင့် လေပြေ အံ့သြသွားရသည်။ အိမ်မှာ ပြောတုန်းက အဖြူအစိမ်း ဝယ်မည်ဟု ပြောခဲ့သည်လေ။

"ဒါလေးတွေက တစ်ထည်ကို ......"

ဆိုင်ရှင် အစ်မကြီးမှာ ပြော၍ ပင်မဆုံးသေး အပေါ်ဆုံးမှ အင်္ကျီ တစ်ထည်အား ကောက်ယူ၍ လေပြေ့အား ခြုံပေးလိုက်လေသည်။

"ဟိုနားကခုံမှာ သွားထိုင်ချင်ထိုင်နေ အင်္ကျီတော့ ချွတ်မပစ်နဲ့ အဲ့တိုင်းခြုံထား"

ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed) Donde viven las historias. Descúbrelo ahora