Episode - 2 (Uni) 🍇💜

2.3K 149 0
                                    

"မာမာရေ သွားခေါ်စရာမလိုတော့ဘူး မမက ဟိုမှာ လာနေပြီ"

ဆရာမလဲ့လဲ့၏ အိမ်နားသို့ လေပြေ မရောက်ခင်ကပင် အော်နေသော ဖြိုးမှာ လေပြေ့လက်ကလေးကို လာတွဲပြီး အိမ်ထဲကို အတင်းဆွဲသွားတာကြောင့် လေပြေလည်း အလိုက်သင့်လေး ပါလာခဲ့တော့သည်။

"ဟော အခုပဲ ခန့်ကို သမီးကိုသွားခေါ်ဖို့ ပြောနေတာ ငါ့သမီးက ရောက်လာတာ ကွက်တိပဲ"

ဆရာမ ဒေါ်လဲ့လဲ့မာက ဝင်လာလာချင်း စကားစလေသည်။ သူမကို သွားခေါ်ခိုင်းမည်တဲ့။ ဟုတ်ပါသည် ဆရာမသည် လေပြေ့အား တစ်နေ့ တစ်ခါလောက်မျှ မတွေ့ရလျှင် မနေနိုင်။ ဆရာကြီးကပင် အကဲပိုသည်ဟုဆိုကာ ဆရာမအား စ တတ်သည်။

ဆရာမသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး ဆရာမ၏ ဘေးတွင်ဆရာမ၏ အမျိုးသား ဆရာကြီး ဦးကြည်ဝင်းနှင့် ဆရာကြီး၏ ဘေးတွင် ဦးဇော်နိုင်နှင့် ဆရာမကြီး ဒေါ်မျိုးယဉ်ယဉ်လင်း တို့ထိုင်နေကြသည်။

ခန့်ကတော့ လေပြေ့ကို သွားခေါ်ရန် ဆိုင်ကယ်စက်နှိုးနေပုံရပြီး လေပြေရောက်လာသည်ကို မြင်မှ ဆိုင်ကယ်သော့ကိုကိုင်လျက် အိမ်ထဲသို့ လေပြေ့နောက်မှပင် ပြန်ဝင်လာခဲ့လေသည်။

"ဆရာကြီးနဲ့ဆရာမကို လွမ်းလို့လေ ဟီး"

ဆရာမ ဒေါ်လဲ့လဲ့မာ၏ ဘေး ကြမ်းပြင်ပေါ်တွင် ဝင်ထိုင်ရင်း ဆရာမ လက်မောင်းလေးကို ကိုင်ကာ လေပြေ ချွဲလိုက်လေသည်။

"ကဲ ဟုတ်ပါပြီတော်"

"ဟီး ဒါနဲ့ ဆရာမကြီးကော ရောက်နေတာပဲ ​သမီးက ယိမ်းသံစဉ်ချို ပါဆရာမကြီး အကုန်လုံးကတော့ အိမ်နာမည် လေပြေလို့ပဲ ခေါ်ကြတယ်ရှင့်"

"ဪ အေးအေး ဟုတ်ပါပြီ သမီးလေး"

ဆရာမကြီး၏ အသံသည် ခပ်ရှရှနှင့် ချိုသာလွန်းလှသည်။

"သမီး ခုဏကမှ ကျောင်းဆင်းလာတာမလား အဆာပြေ ဘာစားပြီးပြီလဲ"

မေးသူမှာတော့ လေပြေ့၏ ဒုတိယမိခင်ဟူ၍ပင် ခေါ်ဆို၍ရသော ဆရာမ ဒေါ်လဲ့လဲ့မာပင်။

"ဘာမှမစားရသေးဘူး ဆရာမ ဘာရှိလဲဟင်"

လေပြေ ဗိုက်ကလေးကိုပွတ်ကာ ပြောလိုက်လေသည်။

ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed) Tahanan ng mga kuwento. Tumuklas ngayon