"နိုးလာပြီလား အန်တီမျိုး၊ ငယ်လေးရော လာထိုင်"
မမမြတ်မှ မနက်စာ မုန့်ဟင်းခါးအတွက် ဟင်ရည်ခပ်နေရင်း ခေါ်လိုက်လေသည်။ လေပြေနှင့် ဆရာမကြီးလည်း စားပွဲဝိုင်းသို့ ဝင်ထိုင်လိုက်ကြတော့သည်။
"သားတို့ကော အစ်မ"
"မနေ့က သူတို့ ခင်ခင်နဲ့ သွားအိပ်ကြတယ် မျိုးကို နောက်နေ့မှ ရောက်မယ်မှတ်လို့တဲ့"
"အော် အမေကို တအား သံယောဇဉ်ရှိကြတဲ့ ကလေးတွေပဲ ဟားဟား"
ဆရာမကြီးလည်း ရယ်သံစွက်ကာ ပြောလိုက်တာကြောင့် အကုန်လုံးလည်း လိုက်ရယ်လိုက်ကြသည်။ ထို့နောက် မမမြတ်မှ ဟင်းရည်လိုက်ထည့် မနက်စာစားခြင်း ပြီးဆုံးလေသည်။
"ဆရာမကြီး သမီးတို့ ခန်နှင့်ဖြိုးတို့ဆီ လိုက်သွားရအောင်လား၊ ဆရာမဥမ္မာတို့ ဘွားကြီးတို့နှင့်လည်း မတွေ့တာကြာပြီဆိုတော့...."
"သွားရအောင်လေ ယိမ်းငယ် ဆရာမကြီး ပိုက်ဆံအိတ် သွားယူလိုက်ဦးမယ် ခဏစောင့်"
"ဟုတ် သမီး ဆိုင်ကယ်ထုတ်ပြီး အိမ်ရှေ့က စောင့်နေမယ်နော်"
ဆရာမကြီးသည် အိမ်ပေါ်သို့ တက္ကာ ပိုက်ဆံအိတ် ယူလာပြီးနောက် နှစ်ယောက်သား ထွက်ခဲ့ကြတော့သည်။
"ရှေ့နားက မုန့်တိုက္မှာ ခဏရပ်ဦး ယိမ်းယိမ်း၊ အမေနဲ့ အစ်မဥမ္မာ တို့အတွက် မုန့်ဝင်ဝယ်ဦးမယ်"
"ဟုတ်ကဲ့ ဆရာမကြီး"
ထို့နောက် မုန့်ဝယ်ပြီး ဆရာမဥမ္မာတို့ အိမ်သို့ ဆက်လာကြတော့သည်။
"ခင်ခင်ရေ ဒမှာ မေမေတို့ လာတယ်၊ မေမေ့"
အိမ်ထဲရှိ ဆရာမဥမ္မာကို ဆရာမကြီးတို့လာကြောင်း လှမ်းသတိပေးပြီး သူ့အမေအား ပြေးဖက်လာသောဖြိုး။
"ခင်ခင်တို့ ဘာလုပ်နေလဲ သားငယ်လေး"
ဆရာမကြီးသည် သားငယ်အား ပုခုံးကို ဖက်ထားရင်း အိမ်ထဲသို့ ဝင်လာကာ မေးလိုက်လေသည်။
"ခင်ခင်က မီးဖိုချောင် ဝင်နေတယ်၊ ကိုခန့်က ဘွားကြီးကို ဝေယျာဝစ္စတွေ လုပ်ပေးနေတာ"
YOU ARE READING
ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed)
Romance"ငါ့ နှလုံးသား တစ်ချက်ခုန် လိုက်တိုင်းသည် မနေ့ကနှင့် ကွာ မနေ့ကလို မနာတော့ပြီ သူ့မျက်နှာ ခဏမြင် လိုက်ကတည်းက စပြီး ငါသည် အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီ........." 🌹💝 #စိုင်းခမ်းလိတ် 🤍