Episode - 14 (Zawgyi) 🍇💜

562 13 0
                                    

"ခုဏကလို အချိန်မျိုးမှာ ဦးဇော်ကို သတိမရဘူးလားဟင်"

လေပြေ ခုတင်စွန်းတွင် ထိုင်၍ အခုမွ လျှော်လာသော ဆရာမကြီး၏ ခေါင်းအား တဘက်ဖြင့် သုတ်လျက် မေးလိုက်ခြင်း ဖြစ်သည်။

"သူသာ ရှိနေရင် ဆိုတဲ့ စိတ်ကလေးတော့ ဖြစ်မိတာပေါ့၊ သူ့ အေမ ဘယ်လောက် ပျော်နေလဲ၊ သူ့အစ်မတွေ မမောနိုင် မပန်းနိုင် ဘယ္လို မုန့်တွေလုပ်နေလဲ၊ သူ့ တူမလေးတွေ သူ့အမေ ပျော်အောင် ဘယ္လို ဖျော်ဖြေပြီး ဘယ္လို စနေကြလဲ၊ သူ့သားလေးတွေ ဘယ်လောက်တောင် ကမျင်းကြောထ နေလိုက်သလဲ မြင်စေချင်တာပေါ့"

"သမီး နားလည်ပါတယ်၊ ဘွားကြီးတို့လည်း သိပ် သတိရနေလောက် တယ်နော်"

"သတိရမှာပေါ့၊ သူက ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ အေမေလ၊ ကျွန်မ ဆိုတာက အကောင်းဆုံး သူစိမ်း သက်သက်ပါ အချစ်ရယ်"

ပြောရင်းနှင့် လေပြေ့ရင်ခွင့်ထဲကို ကျောဖြင့် မွီခ် လိုက်လေသည်။

"အာ သဲသဲကလည်း နေပါဦး ဆံပင်တွေ မခြောက်သေးဘူး အေအး ပတ်လိမ့်မယ်"

"အချစ်ရဲ့ ရင်ငွေကို လှုံနေတဲ့ အတွက် ကျွန်မ အအေးမပတ် နိုင်ပါဘူး"

"အချွဲလေး စကားသိပ္တတ္တာပဲ"

"အချစ် ဟို သီချင်းလေးကို သိလားဟင်"

"ဘယ် သီချင်းလဲ သဲသဲငယ်လေးရဲ့"

ရင်ခွင်ထဲကို နောက်ပြန် မှီထားရင်း လေပြေ့ မျက်နှာလေးကို မော့ကြည့်ကာ စကားပြောနေသော သူမက သိပ်ဆွဲဆောင်မှု ရှိနေလေသည်။ သူမက သူမရဲ့ ခါးပေါ်က လေပြေ့ လက်တွေကို ပြန်ဆုပ်ကိုင်ကာ လက်ချောင်း တစ်ချောင်းချင်းကို ပွတ်သပ်၍ ကစားနေသေးသည်။

"အချစ်အတွက် တဖန်မွေးဖွားခြင်း ဆိုတဲ့ သီချင်းလေ"

"သိတာပေါ့ သမီးရဲ့ အကြိုက်ဆုံး သီချင်းတွေထဲမှာ ပါတယ်"

"အချစ်ရဲ့ သဲသဲငယ်ငယ်လေး၊ သဲသဲပေါက်စနလေး၊ သဲသဲ ပူတူတူးလေးက အချစ်ရဲ့ အသံလေးနဲ့ နားထောင်ချင်နေတာမို့ ဆိုပြမလားဟင်"

"ဘယ်လိုတွေ ချွဲနေရတာလဲ အသည်းလေးရယ် ဒီလူသားက အသည်းယားလွန်းလို့ သေရတော့မှာပဲ"

ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed) Hikayelerin yaşadığı yer. Şimdi keşfedin