ထိုနေ့မှစ၍ လေပြေ ဆရာမကြီး ဆက်သမျှ ဖုန်းကိုလည်း မကိုင်သလို၊ ပို့သမျှ စာများကိုလည်း မပြန်တော့ပေ။ ဆရာမကြီးကတော့ စိတ်ပူ၍ ထင်သည် ဖုန်းတွေ အကြိမ်ကြိမ်ခေါ်နေပြီး၊ စာတွေလည်း မနားတမ်း ပို့နေလေသည်။
ဆရာမလဲ့လဲ့ကို ဖုန်းဆက်၍ပင် လေပြေ့အကြောင်း မေးသေးသည်ဟု ဆရာမလဲ့လဲ့က ပြောသည်။ မေမေ့ရဲ့ ဖုန်းနံပါတ်ကိုလည်း ဆရာမလဲ့လဲ့ဆီက တောင်း၍ လေပြေ နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လားဟု မေးသည်ဟူ၍လည်း မေမေက ပြောသေးသည်။
လေပြေ့ရဲ့ စိတ်တွေ ဝေခွဲမရ ဖြစ်နေလေသည်။ သူမကို ပြန်ပြီး ဆက်သွယ်သင့်သလား၊ သူမသိက္ခာအတွက် ဒီအတိုင်းပဲ အဆက်ဖြတ်၍ နေသားကျအောင် နေသွားသင့်သလား အမြဲ တွေးနေမိလေသည်။ ထို ဆုံး ဖြတ်ချက် နှစ်ခုထဲတွင် ဒီအတိုင်းလေးပဲ အဆက်ဖြတ်၍ နေသားကျအောင် နေသွားမည် ဟူသော ဆုံးဖြတ်ချက်က ပို၍ ခိုင်မာသယောင် ရှိနေလေတော့သည်။
မနက်ဖြန်ဆိုလျှင် ဆရာမကြီးတို့ ပြန်လာ ကြတော့မည် ဖြစ်၍ လေပြေ ဆရာမကြီးကို ရင်ဆိုင်ရတော့မည်။
စကားလုံး ခါးခါးသီးသီးတွေ မဟုတ်တောင် မချစ်တော့ဘူး၊ ဟူသည့် စကားကေတာ့ ကျိန်းသေ ပြောရပေမည်။
ထိုစကားကို ပြောနေချိန်တွင် မျက်ရည်တို့ ကျမလာအောင် ဒီနေ့ကတည်းက လေ့ကျင့်ထား ရတော့မည်။
'ဟူးး သိပ်ခက်ပါလား အမျိုး သမီးရယ်၊ ရှင့်ကို ချစ်ရတာ သိပ်ကို ခက်ပါလား"
လေပြေ တွေးနေရင်းကပင် မျက်ရည်တို့ စီးကျနေရသည်။ ရင်ကို အစိမ်းလိုက် ခွဲ၍ ဆားနဲ့ပက်နေသကဲ့သို့ ခံစားနေရသည်။
"ဆရာမကြီး"
"ပြောစရာရှိလို့လား ဒေါ်ဝင်းမာလာ"
ချစ်ရသူကို ဆက်သွယ်မရ၍ စိတ်ညစ်နေပါတယ်ဆို အလိုက်ကန်းဆိုးမသိ လာခေါ်သော ကျောင်းက ဆရာမတစ်ယောက်ကြောင့် ပို၍ စိတ်ညစ်မိသည်သာ။
"ဟိုလေ ကျွန်မတို့ အပြင်ခဏ ထွက်ပြီး မနက်ဖြန် ပြန်ဖို့အတွက် လိုအပ်တာလေးတွေ ဝယ်ရင်း မုန့်သွားစားချင်လို့၊ အဲ့ဒါ ဆရာမကြီးရော ဘာမှာဦးမလဲ၊ ဘာစားဦးမလဲလို့ပါ"
BẠN ĐANG ĐỌC
ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed)
Lãng mạn"ငါ့ နှလုံးသား တစ်ချက်ခုန် လိုက်တိုင်းသည် မနေ့ကနှင့် ကွာ မနေ့ကလို မနာတော့ပြီ သူ့မျက်နှာ ခဏမြင် လိုက်ကတည်းက စပြီး ငါသည် အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီ........." 🌹💝 #စိုင်းခမ်းလိတ် 🤍