"လွှတ်လို့ ပြောနေတာကို မကြားတာလား"
ကိုအောင်ကျော်မိုး ရုတ်တရတ်မို့ ကြောင်နေပြီး ဆရာမကြီး၏ လက်ကို လွှတ်လိုက်တော့သည်။
"သမီး"
ဆရာမကြီး၏ နှုတ်မှ စကားသံ ခပ်တိုးတိုးထွက်လာလေသည်။
"မောင့်ဆီကို လာပါဦး သဲသဲငယ်ငယ်ရဲ့"
လေပြေ လက်တို့ကို ကို ကမ်းပေးကာ ဆရာမကြီးကို ခေါ်နေလေသည်။ ဆရာမကြီးလည်း အလိုက်သင့်လေး လေပြေ့ရင်ခွင်ထဲသို့ ဝင်လိုက်တော့သည်။
ထို့နောက်မှ နှစ်ယောက်သား ပွေ့ဖက်လျက်ပင် နေရာတွင် ပြန်ထိုင်ကြတော့သည်။
"ဆရာမကြီးက ဦးလေးကို လက်ခံမယ်ဆိုတာ သူ့အမေ မျက်နှာနဲ့မို့ အားနာလို့ ပြောတာပါ၊ တကယ်တော့ သူ့စိတ်က ဦးလေးကို လက်မခံချင်ပါဘူး"
ဆရာမကြီး၏ ဆံသားနုနုတို့ကို သပ်တင်ပေးရင် ဦးအောင်ကျော်မိုး ကို တည့်တည့်ကြည့်၍ လေပြေ ပြောလိုက်လေသည်။ ဆရာမကြီးကတော့ လေပြေ့ ရင်ခွင်ထဲတွင်သာ ခေါင်းကို အပ်ထားလျက်။
"ဒီက ညီမက"
"ဆရာမကြီး ဒေါ်မျိုးယဉ်ယဉ်လင်းရဲ့ လက်ရှိ ချစ်ရသူပါ"
"ဗ်ာ"
"ဘယ်လို"
ဒေါ်တင့်တင့်နှင့် ဦးအောင်ကျော်မိုး နှစ်ယောက်လုံး ဆီမွ အာမေဋိတ် သံတို့ ထွက်လာတော့သည်။
"သူပြောတာ ဟုတ်သလား မျိုး"
"ဟုတ် ဟုတ်ကဲ့ မေမေ၊ သူက မျိုးနဲ့ အခု မေတ္တာမျှ နေတဲ့သူပါ"
"မျိုးရဲ့ ပထမအချစ်က ကို မဖြစ်နိုင်ခဲ့သလို၊ နောက်ဆုံးအချစ်ကလည်း ကို ဖြစ်နိုင်တော့မယ် မထင်ပါဘူး၊ မျိုး အလိုမတူတဲ့ အရာတစ်ခုကို ကို အတင်းအကျပ် မတောင်းဆိုတော့ပါဘူး၊ မျိုး ပျော်မယ်ဆိုရင် ကို ကျေနပ်ပါတယ်၊ နှုတ်ဆက်ခဲ့ပါတယ် မျိုး၊ ကို ပြန်တော့မယ်"
"ဟုတ်ကဲ့ ဂရုစိုက်သွားပါရှင်"
"ဒီက ညီမနဲ့မျိုး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ကို ဆုတောင်းပေးခဲ့ပါတယ်၊ ခွင့်ပြုပါဦး"
"ဟဲ့ သား နေဦးလေ"
ဒေါ်တင့်တင့် တားသော်လည်း အချည်းနှီးသာ။ ကိုအောင်ကျော်မိုး က ကားဖြင့် မောင်းထွက်သွားလေပြီ။
YOU ARE READING
ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed)
Romance"ငါ့ နှလုံးသား တစ်ချက်ခုန် လိုက်တိုင်းသည် မနေ့ကနှင့် ကွာ မနေ့ကလို မနာတော့ပြီ သူ့မျက်နှာ ခဏမြင် လိုက်ကတည်းက စပြီး ငါသည် အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီ........." 🌹💝 #စိုင်းခမ်းလိတ် 🤍