လေပြေနှင့် ဆရာမကြီး လက်ထပ်ပြီးတော့ လေပြေ အလုပ်ဝင်လျှောက် လေသည်။ ဆရာမကြီး၏ ကျောင်း၌ပင် မူလတန်းပြ ဆရာမလေး အဖြစ် တာဝန်ကျသည်။ ခန့်ကတော့ ဆယ်တန်းအောင်ပြီးတော့ သူ ဝါသနာပါသော စက်မှု တက္ကသိုလ်ကိုသာ တက်နေလေသည်။ ဖြိုးကလည်း အလယ်တန်း ကျောင်းသားလေး ဖြစ်နေပြီ။ ဆရာကြီးနှင့် ဆရာမက မမမြတ်နှင့် မမစုထံသို့ သွား၍ နေလေသည်။ ဆရာမဥမ္မာနှင့် တီခြူးကလည်း လက်ထပ်လိုက်ကြပြီး ဘွားကြီးရယ်၊ ခန့်ရယ်၊ ဖြိုးရယ် နဲ့အတူတူနေသည်။
ဆရာမကြီးနှင့် လေပြေကတော့ ဆရာမကြီး၏ အိမ်တွင်နေသည်။ ဆရာမကြီး၏ အမေ ဒေါ်တင့်တင့်ကလည်း ရွာပြန်သွားလေပြီ။
ဒီနေ့ ကျောင်းပိတ်ရက် ဖြစ်သော်လည်း အထက်တန်းပြ ဆရာ၊ ဆရာမ များနှင့် အရေးကြီး အစည်းအဝေးရှိ၍ ဆရာမကြီး ကျောင်းသို့ သွားရလေသည်။ လေပြေကတော့ မူလတန်း ဆရာမဖြစ်၍ မလိုက်ရ။
လေပြေ အိမ်မှာ တစ်ယောက်တည်းမို့ ပျင်းနေပြီး ခေါင်းလည်း အနည်းငယ် ကိုက်နေလေသည်။ နေ့လယ် 12 နာရီကျော်တော့ ဘယ်လိုမှ မဟန်၍ လေပြေ အိပ်ပျော်သွားတော့သည်။
1 နာရီ ခွဲတော့ ကျောင်းက အစည်းအဝေး ပြီးပြီ ဖြစ်၍ လာကြိုရန် လေပြေ့ကို ဆရာမကြီိး ဖုန်းဆက်တော့သည်။ လေပြေက ဖုန်းမကိုင်။ ဆရာမကြီး ထပ်ခါထပ်ခါ ဆက်နေပေမယ့် လေပြေက ဖုန်းမကိုင်တာကြောင့် စိတ်တိုပြီး အိမ်ပြန်လာခဲ့တော့သည်။
အိမ်ရောက်တော့ တံခါးများ ပွင့်နေပြီး လူအရိပ်အယောင်ပင် မတွေ့။ အိမ်ထဲဝင်ကြည့်မှ အိပ်ရာထက်တွင် နှစ်နှစ်ခြိုက်ခြိုက် စက်တော်ခေါ်နေသော ကလေးမကို တွေ့ရသည်။
ဆရာမကြီး လေပြေ့ကို မနှိုးဘဲ သူ့အနားသို့ သွားထိုင်လိုက်လေသည်။
"မောင့် သဲသဲငယ်ငယ်လေး ပြန်ရောက်နေပြီလား"
လေပြေ မျက်လုံးနှစ်ဖက်ကို ပွတ်၍ အိပ်ချင်မူးတူးဖြင့် ထလာလေသည်။
"ဖုန်းတွေ တရစပ် ခေါ်နေတာတောင် မနိုးတဲ့သူက အခု အနားလာထိုင်ရုံလေးနဲ့ နိုးလာရသလား"
"နိုးလာတာပေါ့ မောင့် သဲသဲရဲ့ ကိုယ်သင်းနံ့လေး မောင်သိတာကို"
CZYTASZ
ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed)
Romans"ငါ့ နှလုံးသား တစ်ချက်ခုန် လိုက်တိုင်းသည် မနေ့ကနှင့် ကွာ မနေ့ကလို မနာတော့ပြီ သူ့မျက်နှာ ခဏမြင် လိုက်ကတည်းက စပြီး ငါသည် အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီ........." 🌹💝 #စိုင်းခမ်းလိတ် 🤍