"ဟေ့ လေပြေ တစ်ယောက်ထဲလား"
"အွန်း နင်ကော တစ်ယောက်ထဲ လာတာလား"
လေပြေ၏ သူငယ်ချင်းဖြစ်သူ ကျော်ဇင်ဖြိုး သည် လေပြေ့နောက္မှပြေးလိုက်လာခြင်းကြောင့် ခဏရပ်စောင့်ကာ လေပြေ ပြန်၍ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ် ရှေ့က အကြော်ဆိုင်မှာ အမေက အကြော်ဝယ်ခိုင်းလို့လေ"
"ဒေါ်ညို အကြော်ထွက်တာပဲ နင့်မှာ ပိုက်ဆံ အပိုပါသေးလား"
"အေးဟ အမေက ၁၅၀၀ ဖိုးပဲ ဝယ်ခိုင်းတာ ၅၀၀၀ တန်ပေးလိုက်တယ်"
"လမ်းလျှောက် ထွက်ရင်းနဲ့လာတာမို့ ငါပိုက်ဆံ ယူမလာမိဘူး ငါ့ကို ၂၀၀၀ လောက်ခဏချေး ငါ့ဆရာမတွေအတွက် အကြော်ဝယ်သွားချင်လို့ မနက်ကျ ကျောင်းရောက်ရင် ပြန်ပေးမယ်"
"ဪ အေး ရတယ်လေ"
"အွန်းပါ ကျေးဇူးပဲ သူငယ်ချင်း"
"မမ"
ခန့်သည် လေပြေနှင့် ကျော်ဇင်ဖြိုးကြားမှ စက်ဘီးဖြင့် ဝင်လာပြီး ခေါ်လိုက်ခြင်းဖြစ်သည်။
"ခန့်က သူငယ်ချင်းတွေနဲ့ စက်ဘီးပတ်စီးမယ်ဆို ဒီကို ဘယ်လိုရောက်လာတာလဲ ပြီးတော့ ဖြိုးရော"
"ဖြိုးက အိမ်ပြန်နှင့်ပြီ သားက မမကို တွေ့လိုက်လို့ လိုက်လာတာ လာမမ စက်ဘီးပေါ်တက်"
"နေပါစေ ခန့်ရဲ့ ခန့်လဲ အိမ်ပြန်တော့လေ မမ ဆရာမကြီးတို့အတွက် အကြော်ဝယ်ပြီးရင် နောက်က လိုက်လာခဲ့မယ်"
"မရဘူး သားစက်ဘီးပေါ်ပဲတက်"
"ဟောတော်"
"မမ လိုက်မှာလား မလိုက်ဘူးလား"
"အမယ်လေး လိုက်ပါ့မယ်ရှင် ဟဲ့ ကျော်ဇင်ဖြိုး ငါသွားပြီ"
"ပိုက်ဆံ ယူဦးမယ်ဆို"
"မလိုဘူး ကျွန်တော့်မှာပါတယ်"
"ဪ ခန့်ကလဲကွယ် စကားကို ဘယ်လိုတွေပြောနေတာလဲ"
"မမ"
ခန့်က လေပြေ၏ စကားကို မကြားဟန်ပြုကာ လေသံတိုးတိုးဖြင့် ခေါ်လိုက်လေသည်။
"အွန်း ပြောလေ ခန့်"
"ဘာမှ မဟုတ်တော့ပါဘူး"
YOU ARE READING
ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed)
Romance"ငါ့ နှလုံးသား တစ်ချက်ခုန် လိုက်တိုင်းသည် မနေ့ကနှင့် ကွာ မနေ့ကလို မနာတော့ပြီ သူ့မျက်နှာ ခဏမြင် လိုက်ကတည်းက စပြီး ငါသည် အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီ........." 🌹💝 #စိုင်းခမ်းလိတ် 🤍