"မီးငယ်ရေ ဒီမွာ သမီးဆရာမဆီက ဖုန်းလာနေတယ်"
ဆရာမလဲ့လဲ့တို့ဆီ ၄ ရက်လောက် မသွားဖြစ်သေးတာကြောင့် ဆရာမက ဖုန်းဆက်၍ ခေါ်တာပဲ ဖြစ်ရမည်။
"ဟုတ် လာပြီမေမေ"
မေမေ့ဆီက ဖုန်းကိုယူ၍ ကိုင်လိုက်တော့သည်။
"ဟယ္လို ဆရာမ"
"သမီး ဆရာမဆီ မလာဘူးလား"
"ခဏေနပဲ ထွက်လာတော့မလို့ ဆရာမ၊ အခု အဝတ်အစား လဲနေတာ"
"ဪ ဟုတ်ပါပြီ မြန်မြန်လာနော်"
"ဟုတ် ဆရာမ လာခဲ့မယ်ရှင့်"
"ဟုတ်ပါပြီရှင် ဒါပဲနော် သမီး"
"ဟုတ် ဆရာမ"
လေပြေ အဝတ်အစားလဲပြီး ဆရာမအိမ္ဘက်သို့ ဆိုင်ကယ်နှင့် ထွက်လာခဲ့လေသည်။
"ဆရာမ သမီးရောက် အယ် မမမြတ်"
လေပြေ စကားတောင်မဆုံးလိုက် ဆရာမလဲ့လဲ့၏ သမီး အကြီးအား အိမ်မှာတွေ့ရ၍ အံ့ဩကာ ပြေးဖက်လိုက်လေသည်။
"ငါ့ အငယ်လေးတောင် တော်တော်ထွားလာတာပဲ ကြည့်စမ်း"
"ဟီး ပြောသလောက်လဲ မဟုတ်ပါဘူးနော်"
"ငယ့် မမစုလဲ ပါတယ်လေ"
မမစုမွာ ဆရာမလဲ့လဲ့၏ သမီးအငယ်ပင်ဖြစ်သည်။
"ဟယ် ဟုတ္လား ဒီနေ့ကတော့ တကယ့်ကို ပျော်စရာနေ့ပဲ မိသားစု စုံစုံလင်လင်"
လေပြေ ပြောနေရင်း ရုတ်တရတ် စကားသံ ရပ်သွားပြီး မျက်ရည် များဝဲတက်လာလေသည်။
"ဘာဖြစ်သွားတာလဲ အငယ်လေး"
"ခန့်နှင့်ဖြိုး ကို သတိရသြားလို့ပါ"
"သူတို့လည်း ပြန်ရောက်နေကြပြီလေ အငယ်လေး မသိဘူးလား"
"ဟင် ဟုတ္လား ငယ်ငယ့်ကို ပြောမပြကြဘူး ကြည့်ဦး"
"မနေ့ကပဲ မေမေနဲ့ဖေဖေ လိုက်ခေါ်ထားတာ သူတို့ တူတွေကို လွမ်းလို့တဲ့"
"ဟုတ္လား အဲ့ဆို မမတို့ ရောက်နေတာကော ဘယ်နေ့ကတည်းကလဲ"
"မမကေတာ့ မနေ့ကမှရောက်တာ စုစု ကေတာ့ အဲ့ အရင်တစ်နေ့ကတည်းက ရောက်နေတာ"
CZYTASZ
ကြွေလွင့်လာသော ကြယ်ကလေး (The Falling Star) ⭐💝 (Completed)
Romans"ငါ့ နှလုံးသား တစ်ချက်ခုန် လိုက်တိုင်းသည် မနေ့ကနှင့် ကွာ မနေ့ကလို မနာတော့ပြီ သူ့မျက်နှာ ခဏမြင် လိုက်ကတည်းက စပြီး ငါသည် အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီ........." 🌹💝 #စိုင်းခမ်းလိတ် 🤍