" မလိုက်ချင်ပါဘူးဆို ဟာ "
" နင်ကလည်း ငါ့မှာ နင်ပဲရှိတာကိုနင့်ကိုမခေါ်လို့ စိတ်ချပြီး ဘယ်သူ့ကိုခေါ်သွားရမှာလည်း မတော်ငါ့ကို အမေနဲ့ ပြန်တိုင်ရင်ဘယ်လိုလုပ်မလဲ "
" အေး ငါလည်းတိုင်မှာ "
" ဟင့်အင်း မလုပ်ကောင်းဘူးနော် Baekhyun နော် နော် လိုက်ခဲ့ပါဟာ "
" ပြီးရောဟာ "
တက္ကသိုလ်တတိယနှစ်ဖြစ်နေပေမယ့်လည်း အခုထိအေးရာအေးကြောင်းလုပ်လျက် အားနေအတန်းလေးပျက်လိုက် ဂိမ်းလေးဆော့လိုက် ဘဝမှာနေပျော်နေသော Baekhyun ကို အခုလို ရုပ်ရှင်ရုံသွားဖို့ အဖော်ခေါ်သတဲ့ . screen လို့ပြောရင် ဂိမ်းဇာတ်ကောင်တွေပြေးလွှားနေသော အချိန်ကလွဲ၍ ကျန်သောအချိန် ဘာဆိုဘာဇာတ်ကားမှ စိတ်မဝင်စားပါ .
သို့သော်လည်း တစ်ဦးတည်းသော ငယ်ပေါင်းကြီးဖော် ပြောမနာဆိုမနာ သူငယ်ချင်းမလေး Kim Narin ရဲ့ အဖော်ခေါ်ရာကို လိုက်ပေးရဦးမည် . ပိတ်ရက်ဖြစ်ပေလို့သာပေါ့ မဟုတ်လို့အတန်းထပ်ပျက်ရပါလျှင် ဒီနှစ်တော့ Byun Baekhyun လေး သေချာပေါက်.......ကျပြီ!
ရုပ်ရှင်ရုံရောက်ကတည်းက တလှုပ်လှုပ်တယွယွနဲ့ ကနာမငြိမ်သော သူငယ်ချင်းဖြစ်သူအား Baekhyun မျက်စိနောက်လာတော့သည် . ရောက်နေတာ နာရီဝက်လောက်ရှိပြီ ခုထိ ဟိုကြည့်လိုက် ဒီငေးလိုက် အဲ Baekhyun ကို ပြုံးစိစိလုပ်ပြလိုက်နဲ့လေ .
" မဝင်သေးဘူးလား "
" နေပါဦးဟ "
" ဟ နင်နာရီကြည့်ဦး ဇာတ်ကားက စတော့မှာ "
" လိုပါသေးတယ် "
" နင် မှန်မှန်ပြော ချိန်းထားတဲ့သူရှိသေးတာလား အဲ့တာဆို ငါပြန်နှင့်မယ်လေ နော် "
" နင်ကလည်း ဒီနေ့ပိတ်ရက်လေ မပြန်နဲ့ ငါနဲ့နေ "
ဟူး~~~ ပိတ်ရက်မို့တဲ့ အဲ့ပိတ်ရက်မှာ ဂိမ်းလေးဆော့မလို့လေ . ဒါကို ဒင်းက အတင်းဇွတ်ခေါ်လာတာလေ
" ဘယ်သူလာမှာလဲ မျက်စိကိုနောက်နေတာပဲ KyungSoo လား Xiumin လား စောင့်မှာဆိုဆက်စောင့်တော့ ငါဝင်နှင့်တော့မယ် ရော့ င်္ဒလက်မှတ်တွေနင်ယူထား "
YOU ARE READING
𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰ
FanfictionZawgyi + Unicode " ကိုကို ကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့ " Start - 28.9.2022 Wed End - 27.4.2023 Thu