2 Unicode

926 110 7
                                    

" Baekhyun ထည့်စားလေ နေမကောင်းဘူးလား "

တစ်ချိန်လုံးငြိမ်နေသော Baekhyun ကရုပ်ရှင်ကြည့်အပြီး နေ့လည်စာစားဖို့ ဆိုင်ထိုင်တော့လည်း သူ့အကြိုက်လေးတွေကို ကိုယ့်မှာဖားဖို့မှာထားပေးသော်လည်း သူက လက်ပင်သိပ်မလှမ်းတော့ ပုံမှန်မဟုတ် .

" ရတယ်စားပါ "

ဒီလောက်ပဲ Baekhyun က သူငယ်ချင်းမလေးအား စကားပြန်တော့

" ညီလေး Baekhyun က အိမ်ပြန်ချင်နေပြီထင်တယ် အကိုတို့လည်း စားပြီးပြန်ကြမလား "

Narin ရဲ့ ချစ်သူကောင်လေးက စကားဝင်ထောက်ပေးလာတော့ ဘေးနားက Chanyeol ဆိုသူက

" သွားချင်သေးတယ်ဆို အခုသွား ငါနဲ့ထားခဲ့သူ့ကို "

" ဟင် မနေခဲ့ပါဘူး ကျွန်တော်လည်းပြန်မှာပေါ့ "

" ဟင် Baekhyun လေးရယ် နင်ပြန်တော့ အမေကသိရင် ငါ့ကိုဆူမှာပေါ့ "

" ဟုတ်သားပဲ ညီလေးခဏလောက်စောင့်ပေးလေ အကိုတို့က အားရက်ကသိပ်မရလို့ "

တာဝန်ချိန်မှာလည်း ခိုးထွက်မရ . ပိတ်ရက်ရှိရင်တောင် ဘယ်ချိန်အထက်ကလှမ်းခေါ်မလဲ မသိနိုင်တာကြောင့် အခုလို အားတုန်းလေးပဲ တွေ့ကြရတာကိုတော့ နားလည်ပါတယ် ဒါပေမယ့်လည်း ဒီလူနဲ့တော့ အတူမနေရဲတော့ဘူး!!

" ရှင်းပြမနေနဲ့ စားပြီးသွား ပြောထားတဲ့ အချိန်သာနောက်ကျမလာနဲ့ "

Chanyeol က သူငယ်ချင်းဖြစ်သူအား ပြတ်ပြတ်သားသား သတိပေးလိုက်သည့်နှယ်ပြောတော့ Baekhyun တွေးမိလိုက်သည်က

" Park Chanyeol က ကြောက်ဖို့ကောင်းလိုက်တာ လောကကြီးရယ် " !

.....

" ဘယ်သွားချင်လဲ "

" ဟင် "

Chanyeol နဲ့ နှစ်ယောက်ထဲကျန်ခဲ့ရလို့ လွ်ထားတဲ့ ကျောပိုးအိတ်ကြိုးကို ကိုင်ဆွဲကာ ဟိုဟိုဒီဒီကြည့်နေတုန်း ရုတ်တရက် ထမေးလိုက်တဲ့ အသံကြောင့် ဟင်ခနဲသာပြုနိုင်သည် .

" မသွားချင်ပါဘူး "

" ဒါဆိုလည်း ချာတိတ်က ကိုယ်နောက်လိုက်ခဲ့ "

" ဟေ့လူ လက်ကိုလွှတ် "

အများသူငါပိတ်ရက်ဆိုတဲ့အတိုင်း ဒီနေ့မှလူကလည်း များလိုက်တာဆိုတာ . ဒီလူကြားထဲ ဟိုရှောင်ဒီကွေ့နဲ့ Chanyeol ဆွဲခေါ်ရာနောင်ကို ထပ်ပြီး ယက်ကန်ယက်ကန်နဲ့ ပါသွားရပြန်သည် .

𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰWhere stories live. Discover now