Baekhyun's KoKo

502 53 1
                                    

Unicode

" Chanyeol မင်းကောင်လေးကို တကယ်ပဲ စိတ်ကောက်နေတော့မှာလား "

" ဘာ! ငါစိတ်မကောက်ဘူး ငါပြောတာလေးကိုပဲ လက်ခံပြီးနားထောင်စေချင်တာကို မလိုက်ရောနိုင်ဘူးလေ "

ကြံကြံဖန်ဖန် Chanyeol က သူနဲ့ယှဉ်ရင် ကလေးသာသာ ချာတိတ်လေးကို စိတ်ကောက်စရာလား .

" ဒါပေမယ့် မင်းအသိဆုံးပဲလေ ဟိုက မင်းကိုမချော့ဘူးပြောထားခဲ့တာကို မင်းက ဒီတိုင်းကြီးကျန်နေခဲ့တာ ငါအတွေ့ပဲ "

တကယ်လည်းမှန်ပါသည် . Chanyeol တကယ်ကိုအချော့မခံရပဲ ရည်းစားရှိလျက်နဲ့ တစ်ကိုယ်တည်းသမားလို ငုတ်တုတ်မေ့နေရတာ သုံးရက်လောက်ရှိနေပြီ .

" ဟေ့ကောင် ငါစိတ်ကောက်စရာ ဘာအကြောင်းမှမရှိဘူး . အချော့ခံရအောင် ငါကဘယ်လိုအနေအထားကလည်းဆိုတာလည်း စဉ်းစဉ်းစားစားပြော "

" ဟာ မင်းကလည်း ဒါတော့များပြီ အနေအထားတွေဘာတွေမဆိုင်ဘူးနော် ချစ်သူရည်းစားသက်တမ်းဖြစ်နေသ၍ အချစ်ခံရ အချော့ခံရမှာက အပြန်အလှန်ပဲ အိမ်ထောင်ကျသွားမှသာ နားလည်မှုနဲ့ ကိုယ့်ဘက်က အချော့မခံရလည်း ကိုယ်ကပဲ အရင်စချော့ရတာ ဟီး "

" မင်းမိန်းမကိုသာ မင်းချော့စမ်းပါ "

" အေး အဲ့လိုနဲ့ မင်းချာတိတ်လေး သူများနောက်ပါသွားမယ် "

" ပါစရာလား "

" ပါစရာပေါ့ စစ်မှုထမ်းပြီးပြန်လာတာမှ မကြာသေးဘူးကွာ သူ ig မှာတင်တဲ့ပုံကလည်း ငါကြည့်သလောက်တော့ ဘာမှထူးထူးခြားခြားဖြစ်မနေပါဘူး . ပြီးတော့ ကတုံးဆံပင်ပေါက်လေ ဘာများဆွဲဆောင်မှုရှိလို့လဲ "

" ဘာ သူများချစ်စရာရည်းစားလေးကို မင်းက ဒီလိုတွေလာပြောနေတာလား ဟမ် စိတ်ဆိုးနေပေမယ့် ငါ့ဘေဘီက အကုန်ပြည့်စုံတယ်ကွ ဆွဲဆောင်မှုတွေများလွန်းလို့တောင် ငါစိတ်ညစ်နေရတာ "

" မင်းစိတ်သက်သာရာရအောင် ကြောပေးတာလေကွာ မင်းကလည်း "

" အာရုံပဲ ဒီပုံကို ဖျက်ခိုင်းတာကို မဖျက်ပေးဘူးဆိုပြီး အခုငါနဲ့ မခေါ်တဲ့ ရက်အတွင်းကို သူအဝကဲနေတာ ဒီမှာကြည့် "

🎉 You've finished reading 𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰ 🎉
𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰWhere stories live. Discover now