7 Unicode

695 82 8
                                    

" ဟယ် အူတက်ပြီ Byun Baekhyun ရယ် . နင်ဟယ် ဖြစ်လိုက်ရင် အဆန်းကြီး ငါအူတက်နေပြီဟေး "

တမှိုင်မှိုင်ဖြစ်နေကာ ငြိမ်ကုတ်နေသော Baekhyun ဘေးနေရင်း ရင်ကိုထု ဗိုက်ကိုနှိပ်လျက် အားရပါးရ ရယ်နေမိသော Narin တစ်ယောက် ဘေးပတ်ဝန်းကျင်ကိုပင် မေ့လုဆဲဆဲ .

" တော်ပါတော့ဟာ ငါစိတ်ညစ်ရတာကို နင်ကအရမ်းပျော်နော် အမြဲ အဲ့ အူတက်ဆိုတာကြီးပဲ ထွက်လာရင် "

" ဟဲ့ နင်စဉ်းစားကြည့်လေ ကိုယ်သဘောကျနေတဲ့ သူရှေ့မှာမှ အရှက်ဗြန်းဗြန်းကွဲရတယ်လို့ဟယ် နင်ကလည်းနင်ပဲ အီးပါတာ အိမ်သာ တံခါးတော့ပိတ်ပေါ့ ဟား ဟား ဟား သေပြီ ရယ်ရတာ "

" ဟ အိမ်သာတံခါးပျက်နေတာပါဆိုဟာ "

" ခိခိ ပျက်ရင် ပြင်ပေါ့ . Chanyeol တော့ နင့်အသေးလေးကို မြင်ပြီး သွေးတက်သွားမှာပဲ . အမလေး ပြောမရဘူး ငါ့သူငယ်ချင်းက အပြင်ပိုင်းတောင် ဒီလောက် ဖြူဖြူဖွေးဖွေး အ့! "

Narin စကားမဆုံးခင် Baekhyun လှမ်းထုလိုက်တော့သည် .

" တော်တော့ဟဲ့ ညစ်တီးညစ်ပတ်တွေ "

" ဟဲ့ ချေး(ဂျီး)မတွန်းဘူးလားနင် ဟဟ . အတွင်းပိုင်းနီနီရဲရဲလေးတွေကိုပါ စွဲလမ်းသွားရင်တော့ အ့! မထုနဲ့ဟ နာတယ် "

" နင့်ကိုတော်ပါတော့လို့ပြောသားပဲ . စိတ်ညစ်ရတဲ့ထဲ "

" အော် ညစ်မနေပါနဲ့ အချိန်တန် နင်ပြရမှာပဲ "

" ဟဲ့ နင်မိန်းကလေးနော် တော်ပါနော့ဘာတွေပြောနေတာလဲ "

"ပြောပြတာပါ ခိခိ အခုကထွေထွေထူးထူးပူပန်မနေနဲ့ . နင်က အိမ်သာတက်နေတယ်  တံခါးကလော့ပျက်နေတယ် . အဲ့တော့သေချာပိတ်မရဘူး . အဲ့အချိန် Chanyeol က အိမ်သာတံခါးလာဖွင့်မိတယ် . နင့်ရဲ့ ဖင်ပြောင် အာ ဆောတီး . အဲ့လိုအဲ့လို နင့်ပုံစံကို မြင်သွားတယ် ပြီးတော့ ခိခိ "

" နင်ပြောမနေလည်း ရတယ် အဲ့တာငါကြုံခဲ့ရတာ ပြောမပြီးဘူးဟာ "

Baekhyun တော်တော်စိတ်ညစ်နေလို့ အရင်းနီးဆုံးသူငယ်ချင်းထံ ရင်ဖွင့်အကြံဉာဏ်တောသ်းမှ ရယ်မဆုံးဖြစ်နေသူကြောင့် ပိုပိုရှက်လာရတော့သည် .

𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰWhere stories live. Discover now