" ကိုကို လာကြိုပေးမလား "
" ဘေဘီ ကားမယူသွားဘူးလား "
Speaker ဖွင့်ပြီး ပြောမိတဲ့ အချိန်မှ ထိုနာမ်စားကို ထသုံးသော Chanyeol ကြောင့် သူငယ်ချင်းတွေကြားထဲ ကျိတ်တိုးလေး အရယ်ခံရတော့သည် . ချာတိတ်မှသည် ဘေဘီ ဆိုပြီးတောင် တချို့ဆို စ,ကြတာ
" အဲ့လိုကြီးမခေါ်နဲ့လို့ ကိုကိုရေ "
" စတာ စတာ လာကြိုပေးမယ် . နည်းနည်းတော့နောက်ကျမယ်ထင်တယ် "
ပုံမှန်တိုင်းလည်ပတ်နေတဲ့ နေ့တွေမှာ Baekhyun အတွက် ပူဆာစရာလေးက ရှိလာသေးတာမို့ အိမ်ရောက်သောအခါမှ....
.....
" သွားမှဖြစ်မှာ ကိုကိုရဲ့ "
" မသွားစေချင်ဘူး ခွဲနေမှာကို "
" ၂ ညအိပ် ၃ ရက်လေးထဲကို "
ကျောင်းရဲ့ project ပွဲကိစ္စနဲ့ Baekhyun တို့ jeju ကို ခရီးထွက်ဖို့ပြင်ဆင်နေတုန်း ဘေးနားက တဖွားမခွာလိုက်တွယ်ကပ်ပြီး စကားပြောနေသူက Chanyeol ပင်
" ကိုယ်ကပိုချစ်ရတဲ့ သူဆိုတော့လည်း အနစ်နာခံပြီး လွမ်းနေရမှာပေါ့ "
" ဒရမ်မာတွေမလာနဲ့ကိုကို , ကိုကိုပဲ ကျောင်းစာတွေမှာ ဆုရရင် ကိုကိုကထပ်ပြီး ဆုချမယ်ဆိုပြီးပြောခဲ့တာလေ အဲ့တော့ကျွန်တော်ကြိုးစားရမှာပေါ့ "
" ဘယ်တုန်းက ပြောလို့လဲ "
" မေ့ကုန်တာလား အဲ့လိုပါပဲ မရခင်တမျိုး ရရင်တမျိုးဆိုတာတွေပေါ့ "
ထိုစကားကိုကြားတော့ ဘေးနားအရံသင့်ရှိသူ Chanyeol က သူ့ရဲ့ခပ်ကျစ်ကျစ်လက်လက်မောင်းကြွက်သားတွေထိပါ တင်းထွက်လာတဲ့ထိ Baekhyun ကိုယ်သေးသေးလေးကို အတင်းပွေ့ဖက်လိုက်ကာ ဖျစ်ညှစ်တော့သည်
" ကိုကိုက အခုထိ ဒီကချာတိတ်လေးကို အပိုင်ရတယ်ဆိုတော့လေ ဟင် ဟင်ပြော "
" လွှတ်ပေး Park Chanyeol shi , ကျွန်တော်နာနေပြီနော်........မနမ်းနဲ့...လို့ "
ဖွေးဖွေးဖြူနေတဲ့ လည်တိုင်လေးကို နှာခေါင်းနဲ့ထိကပ်ကာ တရှုံ့ရှုံ့နမ်းနေတော့ ခေါင်းလေးကို အတင်းရုန်းနေတော့သည်
YOU ARE READING
𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰ
FanfictionZawgyi + Unicode " ကိုကို ကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့ " Start - 28.9.2022 Wed End - 27.4.2023 Thu