" အ့! "
ကုတင်ပေါ်ကအမူးသမားရဲ့ ခေါင်းကိုက်၍အော်ငြီးနေသံကြောင့် သံပရာရည်လေးပဲဖြစ်ဖြစ်ဖျော်ဖို့ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည် .
Baekhyun ကို သူ့အိမ်ပြန်ပို့ဖို့တွေးလိုက်ပေမယ့် မိခင်ဖြစ်သူနဲ့ စကားများထားတာကြောင့်ရော အခုချိန်က မူးရူးနေတာကြောင့်ပါ Chanyeol မိမိအိမ်ကိုသာ ခေါ်လာဖို့ ဆုံးဖြတ်လိုက်ပြီး Narin တို့ကို အကြောင်းပေးဖို့ပြောလိုက်သည် .
" သား ဘယ်သူလဲ "
" ဟို ... Baekhyun ပါ mom "
" သား ဘယ်လိုလုပ်ပ်လာတာလဲ မင်းမဟုတ်မှ ခိုးပြေးလာတာလား "
အခုလိုအမေနဲ့ တိုးမှာဆိုး၍တောင် အလျင်စလို အပေိါထက်ကို တက်ခဲ့ပါတယ်ဆိုမှ အောက်ပြန်ဆင်းစရာပေါ်လာတော့လည်း အခုလို အထင်မြင်လွဲမှားစရာက ကြုံရပြန်သည် .
" mom! မဟုတ်ပါဘူး . သားက သားငဘာလို့ အဲ့လိုလုပ်ရမှာလဲ "
" အဲ့တာဆိုဘာလို့ပါလာတာလဲ . အဲ့ကလေးရဲ့ အိမ်ကရော သားဆီပါလာတာသိလား "
" သိပါတယ် သူနည်းနည်းမူးနေလို့ သူ့အိမ်ကို သားမပို့ချင်တော့တာနဲ့ ဒီခေါ်လာတာ "
" အမေကခေါ်လာခိုင်းတယ်ဆိုတာ မိုးလင်းပိုင်းကို သားက ညဘက်ကြီးခေါ်ချလာတယ် ကောင်းရော "
" ဟာ mom ဒီတိုင်း ကူညီတာပါ . သားက ညဘက်ခေါ်လည်း ဘာလုပ်မှာမို့လို့လဲ ကလေးတစ်ယောက်ကိုတော့ သားဘာမှမလုပ်ပါဘူး "
" ကလေးကိုမလုပ်ဘူးဆိုတော့ လူကြီးဖြစ်နေရင်ရော "
" mom! "
" စတာ စတာ ဒီအမေက မနက်မှ သားကောင်လေးကို အကဲခက်ပေးမယ် ခုတော့ သွားနေပေးလိုက်ပါ သူ့အနားမှာ "
" သားကောင်လေးမဟုတ်ပါဘူးဆို mom ရာ "
Chanyeol လည်း ပြုံးစိစိနဲ့သာ အမေ့ရဲ့ စနောက်မှုတွေကြားကနေ သံပရာရည်ခွက်လေးကိုင်ကာ လှေကားထစ်အတိုင်း ပြန်တက်လာခဲ့တော့သည် .
တံခါးဖွင့်ဖွင့်ချင်း ကုတင်ပေါ်ကနေ ကမန်းကတန်းပြေးဆင်းကာ ကြောင်တောင်တောင်ဖြစ်နေသူကြောင့် Chanyeol ခွက်ကို အမြန်ချကာ အနားကိုးပြေးသွားတော့မှ
YOU ARE READING
𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰ
FanfictionZawgyi + Unicode " ကိုကို ကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့ " Start - 28.9.2022 Wed End - 27.4.2023 Thu