" Hello Hyung မလာသေးဘူးလား "
" လာနေပြီ လမ်းမှာ "
" ဟုတ်ဟုတ် ဖြည်းဖြည်းမောင်းလာဦး ဒီမှာ Baekhyun ကတော့ ငိုနေလို့ "
Chanyeol ထင်တဲ့အတိုင်းပါပဲ . Baekhyun တစ်ယောက် ထူးထူးဆန်းဆန်းတွေဖြစ်နေတယ်ဆိုတာ မနေ့ညကတည်းက . သူငယ်ချင်းဖြစ်သူ မင်္ဂလာဆောင်မှာကို သူ့မှာ အားတက်သရောလိုက်လုပ်ပေးနေတုန်းကတောင်အကောင်း မနက်ဖြန်မင်္ဂလာပွဲဆို အလိုညမှ ဂနာမငြိမ်ဖြစ်နေတာ . ကိုယ်လည်း စိတ်မကောင်းနေမှာ သိပေမယ့် တော်ရုံမမေးချင်တော့တာနဲ့ပဲ နေနေလိုက်တာကို အခုကျ သူများ မင်္ဂလာဆောင်မှာ သွားငိုနေလေရဲ့ .
မိနစ်အနည်းငယ်အတွင်း အရှိန်အနည်းငယ်ထပ်တိုးတင်ကာ ပွဲရှိရာဆီ ရောက်ချလာပြီး သတို့သားအလား ခန့်ညားနေတဲ့ Chanyeol က အလောသုံးဆယ်ဝင်လာတော့လည်း အားလုံးက ငေးကြသေးတာပေါ့ . မင်္ဂလာခန်းမရှေ့က ပွဲအကြိုသတို့သား သတို့သမီးပုံတွေသာထားမထားရင် တကယ်လည်း ထင်လောက်ပါသော ချောမောမှုမဟုတ်လား .
" Hyung! "
လက်တပြပြနဲ့ ခုန်စွစွဖြစ်နေသော Kai ကို မြင်တာနဲ့ Chanyeol လည်း အမြန်ပဲ ဟိုကျော်ဒီခွနဲ့ သွားလိုက်တယ် .
" ဘယ်လိုဖြစ်တာလဲ "
" ဘာမှမဖြစ်ပါဘူး သူ့ဘာသာ Narin ကို မြင်တော့ ငိုတော့တာပဲ "
ဟူး....
သက်ပြင်းချသံ မတိုးမကျယ်ဟာ Chanyeolဆီကဆိုတာ သေချာပေါက်ပဲပေါ့. နားနေဆောင်ကို ခြေလှမ်းကျယ်တွေနဲ့ ဝင်သွားတော့ သတို့သမီးဖြစ်သူဘေးမှာ လက်ကိုင်ကာ ငိုနေတာများ ရည်းစားဟောင်းတို့ အချစ်ဦးတို့က ထားခဲ့ပြီး အိမ်ထောင်ပြုသွားတဲ့ပုံနဲ့ . ဖြေသိမ့်ပါလို့ပြောရအောင်လည်း ဒါက စိတ်ညစ်စရာမဟုတ်ပဲ ပျော်စရာကိစ္စကို .
" ချာတိတ် "
" ဟင် ကို..ကို....."
" မငိုနဲ့လေ "
" လုပ်ပါဦး သူငိုနေတာနဲ့ပဲ ညီမတောင် ဘာလုပ်ရမလဲမသိတော့ဘူး သူငိုတော့ ညီမပါငိုချင်တာပေါ့ "
" မငိုပါနဲ့ . ချာတိတ်လည်း မငိုနဲ့တော့ . အကို သူ့ကိုခဏခေါ်သွားမယ်နော် "
YOU ARE READING
𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰ
FanfictionZawgyi + Unicode " ကိုကို ကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့ " Start - 28.9.2022 Wed End - 27.4.2023 Thu