6 Zawgyi

181 7 0
                                    

" ဒါဆို ဒီနေ့တော့ ဒီထိပဲ "

နေ့လည်ထမင်းစားပြီးတိုင်း စတင်လိုက်တဲ့ Chanyeol ရဲ့ စာသင်ကြားခြင်းလက်စင်တွေက တစ်ပတ်ကျော် နှစ်ပတ်ကုန်ခါနီးထိဖြစ်လာခဲ့ပြီ ဒီကြားထဲ စာသင်ချိန် Baekhyun ငိုက်ရင်းထိုင်လိုက်ရသည်ကများသော်လည်း တစ်ချက်ဆိုတစ်ချက် ရင်နာအောင် မာန်မဲတက်သူကြောင့် နောက်ပိုင်းတော့မငိုက်ရဲ .

" မေးစရာရှိလား ဒီနေ့သင်ပြီးတဲ့ထိ "

စားပွဲပေါ်ခေါင်းချကာ မှေးနေသူအား Chanyeol ကမေးလာသည် . မျက်လုံးလေးများ ပြန်ပွင့်လာကာ

" ရပြီ မရှိဘူး ကိုကိုပြန်မှာမလား မြန်မြန်ပြန်ပါတော့ "

" မောင်းမထုတ်လည်းကိုယ်ပြန်မှာပါ ချာတိတ် "

" ကိုကိုကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့! "

အရင်ကလည်းခေါ်နေကြကို အခုမှ ဒီလိုဆက်ဆက်ထိမခံလေး ထပြောလာတော့ ပြန်ဖို့လုပ်နေသူ Chanyeol ပင် စက္ကန့်ပိုင်းလောက် လှုပ်ရှားမှုများ ရပ်တန့်သွားရသည် .

" ချာတိတ်လို့ခေါ်လာတာပဲနှုတ်ကျိုးနေပြီ "

" မကျိုးနဲ့ ပြောင်းခေါ်ပေး ကိုကို "

" ကိုယ်က စာလာသင်တဲ့ ဆရာနော် . ဂျီကျမနေနဲ့ "

" ကျွန်တော်ဂျီကျတာ မဟုတ်ဘူး . နာမည်ရှိတာကို ချာတိတ်လို့မခေါ်နဲ့ မကြိုက်ဘူး "

" အရင်ကသူပဲ ကြိုက်ပြီးတော့ "

" ဘယ်အရင်ကလဲ မကြိုက်ဘူး အခုလည်းမကြိုက်ဘူး "

" မကြိုက်လည်းခေါ်မှာပဲ မကြားချင်ရင် တစ်လလောက်ပဲစောင့်တော့ ဒီတစ်လပြီးရင် မတွေ့ရလောက်တော့ဘူး ဒါဆိုခေါ်စရာလည်းမလိုဘူး "

ထိုလပြီးရင် Chanyeol ရဲ့ သင်ကြားရေးကိုရပ်မှာဖြစ်ပြီး Baekhyun တို့ကျောင်းပြန်တက်ဖို့ ပြင်ရတော့မှာဖြစ်သည် . ငြိမ်ကျသွားသော Baekhyun ကို သတိထားမိပေမယ့် Chanyeol ဘာမှတော့မပြောမိ .

" ကိုကို "

ကျောပေးကာ ပြန်ရန်ထွက်လာခဲ့ပြီး အခန်းဝနားရောက်နေသူ Chanyeol ကတစ်ချက်လှည့်ကြည့်လာသည် .

" ကိုကို မိန်းမယူမှာလား "

အဆက်အစပ်မရှိပဲ အခုလိုမေးလာတော့ Chanyeol မှာ ထူးထူးဆန်းဆန်း ရှိန်းတိန်းဖိန်းတိန်းတွေဖြစ်လို့ .

𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰWhere stories live. Discover now