၂၂

26 3 3
                                    

နောက်စာမျက်နှာဆို -

နောက်စာမျက်နှာဆို
ငါက ချစ်တယ်မပြောရက်တဲ့
မင်းက ငါ့အသည်းကိုခွဲသွားတဲ့ ...

စကားစမြည်လေးများ
ဧရာဝတီမြစ်ကြောတလျှောက် ဆန်တက်လာတယ်
မြေမှာလည်း တရှပ်ရှပ်အသံပြု
မေရနံ့နဲ့အတူ ဝေ့ဝဲလာတဲ့
သွေ့ခြောက်ခြောက်နှင်းဆီဖူးကို
ရယ်သံတွေထဲ ရိုးတံလေးနှစ်ထားမိ
ဆူးလေးတွေ ဝှက်ထားမိ
တဆစ်ဆစ်နဲ့ ကိုက်ခဲလာပြီး
အစီအစဉ်တကျရှိမနေတဲ့ ကဗျာတစ်ပုဒ်ထဲ
မနက်လေးနာရီတွေ ကျပျောက်ခဲ့တယ်

မျက်ဝန်းတွေက ဘာအရောင်
ဖြတ်လျှောက်ပန်းခင်းနဲ့ ရှင့်အပေါင်းအသင်း
အကွာအဝေးကို အထပ်ထပ်စာလုံးပေါင်းရင်း
စိတ်နဲ့ အခါခါကူးလူးခဲ့တဲ့
မနက်ခင်း တမ်းချင်းတွေ
စိတ်နဲ့ အခါခါနမ်းခဲ့ဖူးတဲ့
ရှင့် အသက်သွေးကြောတွေ
အခု
ကျမပါနေတဲ့ ရှင့်ဘဝစာမျက်နှာတွေ
ကျမ မပါတော့တဲ့ ရှင့်ဘဝစာမျက်နှာတွေ
ဆွဲစုတ်လိုက်ဖို့ မမေ့ပါနဲ့

လေဟာနယ်လို ရင်ဘတ်တစ်ခုထဲ
စက္ကူပန်းတွေတွေ့ရင် လမ်းကြုံပါးဖို့မမေ့ပါနဲ့

နောက်စာမျက်နှာတွေ မရှိတော့လို့
နောက်စာမျက်မှာဆို
ငါက ချစ်တယ်မပြောရက်
မင်းက ငါ့အသည်း
အချစ်ရဲ့
မင်းက ငါ့အသည်းကို ခွဲသွားတယ်။ ။

-ပယ်ရီ

စိတ်တွေ အိပ်မက်တွေWhere stories live. Discover now