၂၁

19 2 1
                                    

-သစ်ရွက်ဆွေး-

ဝါညစ်လာတယ် ပေါ့ပါးလာတယ်
စိမ်းမြလတ်ဆတ်မှုတွေ
ခန္ဓာကိုယ်ပေါ်က
ခပ်ဖြည်းဖြည်းချင်း လျှောကျလာတယ်
ကမ္ဘာမြေရဲ့ တေးသံတွေနဲ့
နီးနီးလာပြီး
လူတွေရဲ့စကားသံတွေ တိုးလျလာတယ်
ဖြတ်လျှောက်သွားတဲ့ အရိပ်ကလေး
ခြေဖမိုးထိဖုံးနေတဲ့ ထမိန်အနားစလေး
ဒေစီတွေပန်ထားတဲ့ ကဗျာရွတ်သံလေး
အဲဒီကဗျာရွတ်သံထဲ ထည့်မက်ဖူးတဲ့ အိပ်မက်လေး
ဖွင့်ဖောက်ဖတ်ရှုခွင့် ဆည်းဆာကို
စာအိတ်ညိုထဲ ခေါက်သိမ်းပြီး
ပင်လယ်ဆီ ရွက်လွင့်ခဲ့တယ်

ငါ့လိုအရောင် ငါ့လိုအသွေးနဲ့
ဆွေးနေတဲ့ သဘာဝနဲ့
မင်းကိုထည့်သိမ်းထားတဲ့ အလွမ်းတွေ
လွင့်ပြယ်စ ပြုလာတယ်
အချစ်ရဲ့ ..
မင်းဖတ်နေတဲ့ သတင်းစာကို
ဘာအကြောင်းနဲ့မှ မပိတ်လိုက်နဲ့။ ။

-ပယ်ရီ

စိတ်တွေ အိပ်မက်တွေWhere stories live. Discover now