ကြည့်လက်စ ရုပ်ရှင်
နားထောင်လက်စ သီချင်း
ရေးလက်စ ကဗျာ
အစစ ရပ်တန့်သွားခိုက်ခိုက်တုန်နေတဲ့ အဖျားကို
ရာသီတစ်ခုစာ သယ်ဆောင်လာခဲ့တဲ့ဝေလငါး
နက်ရှိုင်း ပင်လယ်
တသားတည်းဖြစ်ပြီအထင်နဲ့
ကောင်းကင်အထိ ပေါ့ပါးပစ်ခဲ့တယ်ခဲနေတဲ့ အသည်းတစ်ခုရဲ့
ခုန်သံယဲ့ယဲ့တောင် မကြားရဘဲ
ရင်ဘတ်ကို ဆွဲစုတ်
နေရာအဟောင်းဆီ တစာစာအော်မြည်
ထိတ်လန့်ခဲ့ရနေကောင်းကျန်းမာ အမှာစကားများ
လွမ်းနေတဲ့တောင်တန်းဆီ
ပြန်မရောက်နိုင်တော့တဲ့ ကဗျာ။ပယ်ရီ