တစ်ကိုယ်လုံး ပြတ်ရှပြီးမှ
အိပ်မက်ဆီ ပြန်ရောက်လာတယ်နေရောင်ခြည်ပါ ပြောလို့
အသည်းကို စကားလုံးတွေပေါ်တင်ခဲ့တီရှပ်အပြာလေး ဖြစ်လိုက်ချင်တယ်
တစွန်းတစ မှန်းကြည့်ဖူးတဲ့ အကွာအဝေးပေါ်
တိမ်လေး ဖြစ်လိုက်ချင်တယ်ငါ့ပြတင်းကနေ ခုန်ကူးလိုက်ရင်
မင်းသောက်နေကျ စီးကရက်လေး ဖြစ်မလားလို့
သီချင်းမပါတဲ့ သီချင်းတွေ
အချစ်ရယ် .. ငါ့နားကြပ်ထဲ ထိုးထည့်ထားရတယ်။ပယ်ရီ