မင်းက ငါ့ရဲ့ နှစ်ပေါင်းနှစ်ဆယ်
အဝေးကြီး ပြေးခဲ့ပြီးမှ
ရွေ့လို့မရမှန်း သိလာတယ်
မင်း ချိတ်ပိတ်ထားတဲ့ စာအိတ်ညိုထဲက
ခုန်ထွက်လာပြီးမှ
တယောက် တနေရာ
တိမ်တွေ ငေးရင်း
ပြတင်းတံခါးလေး ဖွင့်ထားမိတယ်လေတွေ ငြိမ်လောက်ရောပေါ့
ဒေစီတွေ နွမ်းနေတုန်းပါပဲအသံ မကြားရတော့ပေမယ့်
ရှိနေဆဲလို့ ယုံတဲ့အသိနဲ့
တဆတ်ဆတ်ခုန်နေတဲ့ ကဗျာပါ
မင်းက ငါ့ရဲ့ မိုင်ကုန်ပါပြေးစရာမြေ ပျောက်ခဲ့ပေမယ့်
လွမ်းစရာနွေ မြောက်ခဲ့တယ်
မင်းက ငါ့ရဲ့ နှစ်ပေါင်းနှစ်ဆယ်။ ။-ပယ်ရီ