၂၀

19 1 0
                                    

(သူ)ချစ်တယ် ပြောဖူးတဲ့
တိမ်၊ တောင်နဲ့ ပင်လယ်တွေလို
သူ့ကလောင်သွားနဲ့အတူ မျောလာတတ်တဲ့
အမျိုးသမီးကလေးရဲ့ ခံစားမှုမျိုး
သူ့နားရွက်ဖျားဆီ မီလုမီခင်ပန်းကလေးလို
ဘာတစ်ခုမှ ဖြစ်ခွင့်မရလိုက်ဘဲ
ဘာမှ မဖြစ်ခဲ့သလိုမျိုး
သူ့ ခန္ဓာကိုယ်တစ်ခုလုံး
ရွက်စိမ်းနုနု‌တွေ တိုးထွက်လာပေမယ့်
ငါက ..
ငါက သက်တမ်းကုန်
ဆွေးမြေ့ကျန်ရစ်ခဲ့တဲ့‌ ရော်ရွက်ဝါလို
ဒီစာကိုလည်း သူမဖတ်တော့တဲ့ သေချာမှုမျိုး။ ။

-ပယ်ရီ

စိတ်တွေ အိပ်မက်တွေWhere stories live. Discover now