~2 ~

1.2K 140 12
                                    


[ Unicode]

" ပရော်ဖက်ဆာရှင်းမ်ရော အလုပ်ဝင်တာမကြာသေးတော့ အဆင်မပြေတာမျိုးများရှိသလား "

သောကြာနေ့တိုင်း ပုံမှန်ကျင်းပသည့် တက္ကသိုလ်၏
တစ်ပတ်တာအတွင်းလုပ်ငန်းစဥ်များ အစည်းအဝေးမှာ ဌာနကိုယ်စားတက်ပေးနေရင်း ပါချုပ်ဆရာမကြီးက စကားစလာသည် ။ ပါမောက္ခဌာနမှူးက နိုင်ငံခြားခရီးစဉ်ရှိတာမို့ သူပြန်မရောက်မချင်း သောကြာနေ့တိုင်း အစည်းအဝေးတက်ဖို့က သူ့တာဝန်ဖြစ်လာသည် ။ ဌာနမှာ အသက်အငယ်ဆုံးပရော်ဖက်ဆာဖြစ်တာမို့ လုပ်ဖော်ကိုင်ဖက် စီနီယာများရဲ့ အတွေ့အကြုံရစေရန်အလို့ငှာ တိုက်တွန်းမှုများကြောင့်လည်း ပါသည် ။

" ဟုတ် အားလုံးအဆင်ပြေပါတယ်
ဆရာမကြီးခင်ဗျာ "

" စီးပွားစီမံက ပရော်ဖက်ဆာအသစ်လေးက ရုပ်ချောသလောက် သိပ်စည်းကမ်းကြီးတယ်ဆိုပြီး ကျောင်းသားတွေကြား တော်တော်နာမည်ကြီးနေတယ်နော့ "


ပါချုပ်ဆရာမကြီးရဲ့ ရယ်သံစွတ်ကာ စနှောက်မှုကြောင့် အစည်းအဝေးခန်းမဟာ လုပ်ဖော်ကိုင်ဖက်ဆရာများရဲ့ သဘောတကျရယ်သံတို့နှင့် ဖုံးလွှမ်းသွားသည် ။
ဟန်နွန်းကျောင်းသားဟောင်းပေမို့ တစ်ချိန်တစ်ခါက သူ့ကို စာသင်ကြားပေးခဲ့ဖူးသော အာစရိယဆရာများရဲ့ မျက်လုံးထဲမှာ သူ့ကို ပရော်ဖက်ဆာဆိုတာထက် တပည့်လေးလို့ပဲ မြင်နေကြဆဲ ။ ကျောင်းမှာပြန့်နေသော သတင်းတွေကို သူကိုယ်တိုင်လည်း ဟိုတစ်စဒီတစ်စကြားမိတာမို့ ဆရာများရဲ့ စနှောက်မှုကို ပြုံးရင်းသာ တုံ့ပြန်မိသည် ။

" အားလပ်ရက်တစ်ရက်ရက်မှပဲ ပရော်ဖက်ဆာရှင်းမ်ကို ကြိုဆိုပွဲလေးလုပ်ပေးကြတာပေါ့ "

" မဟုတ်တာ ...ကျွန်တော်ကတောင် ပြန်ဧည့်ခံရမှာပါ ။ အိမ်အပြောင်းအရွေ့ပြီးရင် ဆရာမကြီးတို့ကိုဖိတ်ပြီး အိမ်သစ်တက်ပွဲလေးလုပ်ဖို့ စီစဉ်ထားပါတယ် "

" အကူအညီလိုလည်း အားမနာစတမ်းတောင်းပေါ့ ။
အကုန်လုံးက ကိုယ့်ဆရာတွေ၊ စီနီယာတွေပဲဟာ "


" ဟုတ်ကဲ့ ကျေးဇူးပါဗျာ "

..

အိမ်ပြောင်းတာမကြာသေးသောကြောင့် ပရိဘောဂ အသုံးအဆောင်ပစ္စည်းများမှာ အစုံအလင်မရှိသေး ။ ချက်ဖို့ပြုတ်ဖို့ရာလည်း ဟင်းသီးဟင်းရွက်မဆိုထားနှင့် မီးဖိုဆောင်သုံးပစ္စည်းများပင် မဝယ်ရသေး ။ ထို့ကြောင့် ညနေအလုပ်ဆင်းတော့ ခတ္တအနားယူ ရေမိုးချိုးပြီးသည်နှင့် လိုအပ်တာများဝယ်ရန် ကုန်တိုက်သို့‌ထွက်လာခဲ့လိုက်သည် ။

FALLING Where stories live. Discover now