~4~

1K 135 13
                                    


[ Unicode ]

" ဆောင်းဟွန်း မင်းကို အဲ့ကောင်တွေ တမင်တစ်ပတ်ရိုက်သွားတာ ... ပြန်ဆော်လိုက် ငါ့ကောင်"

" တောက်ခ်ခ် ခွေးသား "

ဘေးက အပေါင်းသင်းများက မြှောက်ပေးသည်နှင့် နဂိုဗီဇအရ ဆက်ဆက်ထိမခံတတ်သူဟာ ရန်ပွဲနွှဲလိုက်ဖို့ သွေးတဆူဆူဖြစ်နေပြီ ။
လက်ထဲက ဘီယာဘူးခွံကို ပိန်ရှုံ့သွားစေသည်အထိ
တင်းကြပ်စွာဆုပ်ကိုင်လို့ တောက်တစ်ခေါက်ခေါက်နှင့်။
မျက်လုံးများနီရဲကာ မေးကြောရိုးတွေပါထောင်သည်အထိ သူ့ဒေါသတွေက အဆုံးစွန်ရောက်နေပြီလေ ။

မနေ့ကကားပြိုင်ပွဲမှာ သူ့အနိုင်ရလဒ်ကို လက်မခံနိုင်သော အရှုံးသမားကောင်က သူလိုက်နေသော cheerleader ကောင်မလေးကို ကြားထဲကနေ ဖြတ်ခုတ်သွားခြင်း ။ ပုံအောနေသော အချောအလှတွေထဲကမှ ကောင်မ‌လေးတစ်ယောက်အတွက်နှင့်တော့ မခံမရပ်နိုင်ဖြစ်နေခြင်းမျိုးမဟုတ် ။ သူ့လောက်တောင် အဖြစ်မရှိတဲ့ ကောင်က တစ်မိုးအောက်ပတ်ဆောင်းဟွန်းကို လာကြောရဲလို့ အသည်းတယားယားဖြစ်နေရခြင်းသာ ။
မကြောက်မရွံ့ သူ့ကိုမှ လာထိရဲသော ဟိုကောင့်သတ္တိက နည်း‌နည်းနှောနှောတော့ မဟုတ်တန်ရာ ။
‌နောက်ဆို မျက်လုံးပါလှန်မကြည့်ရဲ‌တော့တဲ့အထိ
ပညာပြလိုက်ဖို့ ခေါင်းထဲမှာဉာဏ်ဆိုးတွေက အဆင်သင့်ရှိပြီးသား ။

" Nicholas "

" အေး "

" ငါဒီည လက်လွန်ခြေလွန်ဖြစ်သွားရင် အဲ့ကောင်ဆေးရုံစရိတ်တွေ တာဝန်ခံပေးဖို့ အိမ်ကဘိုးတော်ကိုလှမ်းပြောလိုက် "

" ဟေ့ ဟေ့ ဟိတ်ကောင် တအားလွန်ကုန်မယ်နော် "

" မင်းကြောက်ရင် ဘေးဖယ်နေလိုက် "

" ချီးပဲ... ငါကကြောက်စရာလား ၊ ပြောမရလည်း
ချကွာ ချချ ... လူမသေရင်ပြီးတာပဲ "

ပတ်ဆောင်းဟွန်းဟာ အရိုင်းဆန်သည် ။ အထိန်းအကွပ်မဲ့သည် ။ သူ့လမ်းကြောင်းတွေ မှားယွင်းနေခဲ့ရင်တောင်
တည့်မတ်ပေးမည့်သူ တစ်ဦးတစ်လေတောင်မရှိ ။
သွေးဆူလွယ်လွန်းသောသူဟာ ဖြစ်ချင်ရာဖြစ်
ထင်ရာစိုင်းပစ်ဖို့ဝန်မလေးခဲ့ ။ တွန့်ဆုတ်တွန့်ဆုတ်နှင့် ကြောက်ရွံ့ခြင်းတွေက သူ့စတိုင်မဟုတ် ။

FALLING Where stories live. Discover now