~ 9 ~

1K 131 31
                                    

[ Unicode ]

* တူတူ တူတူ *

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ် ခေါင်းအုံးဘေးက vibrate လုပ်ထားမိသောဖုန်းဟာ ဆက်တိုက်တတူတူမြည်နေ၍ အလိုမကျစွာ နိုးသွားရသည် ။
မကိုင်မချင်းခေါ်မည့်ပုံပေါ်နေတာကြောင့်
မျက်လုံးမဖွင့်ဘဲ ဖုန်းရှိရာကို လက်ဖြင့်စမ်း၍
မကျေမချမ်း ကောက်ကိုင်လိုက်သည် ။


" ပတ် ဆောင်း ဟွန်း !!! "


တစ်ဖက်မှ ယန်းဂျောင်ဝန်း၏ ဆူးခနဲအော်သံကြောင့် နားများပင်အူချင်ချင် ။ ခေါ်ဆိုသူကိုမကြည့်ဘဲ ကိုင်မိသည့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ချင်တော့၏ ။


" ရှီးဘားလ် .. အဲ့လောက်အော်ရလား "

" ဆောင်းဟွန်း မင်းမထသေးဘူးမလား "

" စောစောစီးစီးကို ဘာတုန်းဟာ "

" ဘာရမှာတုန်း ..9နာရီ ပရော်ဖက်ဆာရှင်းမ်အတန်းရှိတယ် .. ထပ်ပျက်မယ်မကြံနဲ့ ၊ ငါမင်းကိုနိုးတယ်နော်.
အတန်းနောက်ကျလို့ ပရော်ဖက်ဆာငေါက်မှ
ငါ့အဆိုးမဆိုနဲ့ "


ဆူငေါက်ပြီးဖုန်းချသွားသော ဂျောင်ဝန်းကို စိတ်မဆိုးနိုင်သည့်အပြင် ရယ်ပဲရယ်ချင်တော့သည် ။
ပရော်ဖက်ဆာ့အိမ်ရောက်နေမှန်း အခုထိသူ့ကိုမပြောပြရသေး ။
တမင်ထိန်ချန်ထားခြင်း မဟုတ်ပေမယ့် ပရော်ဖက်ဆာ့အနားရောက်ရင် သူကိုယ်တိုင်က တစ်လောကလုံးကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားတာကြောင့် ။

အထက်တန်းကတည်းက ပေါင်းလာသည့်သူငယ်ချင်းဖြစ်ပေမယ့် ကျောင်းစည်းကမ်းဆို
တသွေမသိမ်းလိုက်နာချင်သော ဂျောင်ဝန်းက
သူနှင့်သိပ်မကိုက်ညီခဲ့ ။
အရက်သေစာမသောက်စားနိုင်သည့် လူလိမ္မာလေးဟာ တစ်ခုခုဆို အဖော်ညှိမရ ။ ထို့ကြောင့်လည်း သူ့အစ်ကိုဝမ်းကွဲ Nicholas နှင့်သာ သောက်ဖော်သောက်ဖက်၊ ဆိုးဖော်ဆိုးဖက်ဖြစ်ခဲ့သည် ။

ပွစိပွစိရွတ်တတ်လွန်းသော်ငြား ဂျောင်ဝန်းကသူ့အပေါ် ညီအစ်ကိုရင်းကဲ့သို့ သိပ်ဂရုစိုက်ပေးရှာသည် ။ ပရော်ဖက်ဆာ့ကို သဘောကျကြောင်း ရင်ဖွင့်မိတော့ "ပရော်ဖက်ဆာရှင်းမ်အထိတော့ တက်မမှန်းနဲ့...မင်းနဲ့မတန်ဘူး ' ဆိုပြီး မှိုချိုးမျှစ်ချိုးတွေပြောခဲ့ဖူးတာကတော့ ချွင်းချက်ပေါ့ ။ ပရော်ဖက်ဆာ့အိမ်မှာ ပရော်ဖက်ဆာချက်ကျွေးတဲ့ထမင်းကို မိန့်မိန့်ကြီးစားနေရမှန်းသာသိရင် ယန်းဂျောင်ဝန်းတစ်ယောက် မျက်လုံးပြူးမျက်ဆံပြူးဖြင့် အံ့ဩတကြီးဖြစ်နေမှာသေချာပေါက် ။

FALLING Where stories live. Discover now