အပိုင်း၂

2.4K 44 0
                                    


(Zawgyi)

"ရောက်ပြီ မမ"

ဆေးပေးခန်းသို့ သုံးမိနစ်ခန့်လျှောက်သွားရသည်။ ဆေးပေးခန်းမှာတော်သင့်ရုံမျှကျယ်ဝန်းသည်။

"ဟင် ဘယ်သူမှလည်းမရှိဘူး။ ဘယ်သွားကြတာလဲ"

"အာ ဒီအချိန်ဆရာမက နေ့လည်စာသွားစားတာဖြစ်မယ် အမရဲ့"

"ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ။"

"အမက ဆေးမထည့်တတ်ဘူးလားဟင်"

မျက်လုံးဝိုင်းကြီးများနှင့် သူမကိုလာမေးနေတဲ့ ကောင်လေးအား ဘယ်လိုဖြေရမယ်မှန်းမသိ။ မလုပ်တတ်ဘူးဆိုရင်လည်း သူမထက်ငယ်တဲ့ကလေးရှေ့တွင် အရှက်ကွဲလိမ့်မည်။ သူမကနည်းနည်းတော့နားလည်သောကြောင့် ဆေးထည့်ပေးလို့တော့ရလိမ့်မည်။

"အမ်.. ထည့်တတ်တာပေါ့။ လွယ်လွယ်လေး လာဒီအပေါ်မှာထိုင်လိုက်"

ကောင်လေးအား လူနာခုတင်ပေါ်တွင်ထိုင်ခိုင်းကာ ရက်ပြန်ဘူးအားရှာရတော့သည်။

"ဟို..ခြင်းအနီလေးထည့်မှာ ဒဏ်ရာထည့်လို့ရတဲ့ ဆေးတွေအစုံရှိတယ်မမ"

"ဒီခြင်းလား"

"ဟုတ်တယ်"

သူမဘာမှမသိ ကောင်လေးဘဲအားလုံးပြရသည်။ အရက်ပြန်အားဝါဂွမ်းတွင်အနည်းငယ်ဆွတ်ပြီ အနာပေါ်တွင်ထိကြည့်တော့ ကောင်လေးကတုပ်တုပ်မလှုပ် နာတယ်ဆိုလည်းမပြောအံ့ကြိတ်ကာသည်းခံရှာသည်။

"နင်မနာဘူးလား ဟင်"

"မနာပါဘူး ကျွန်တော်နေ့တိုင်းဒီနေရာကိုရောက်နေကြပါ။ ဒါလေးထည့်ဒါကတော့ အသားကျနေပြီမနာတော့ပါဘူး  မမရဲ့"

"ဒါဆိုနင်က ဆိုးတဲ့ကလေးလား"

နာနီကပြောဖူးသည် ဆိုးတဲ့ကလေးဆိုအမြဲဆေးခန်းမှာ ဆေးထည့်ရတာတဲ့။ ဒီကောင်လေးကဆိုးတဲ့ကလေးလားမသိဘူး။ ဒါဆိုသူ့ကိုလိမ္မာလာအောင်ငါသင်ပေးရမယ်။

"မဟုတ်ပါဘူး သူတို့ကျွန်တော့်ကိုအရင်လာလုပ်ကြတာ ကျွန်တော်လည်းသည်းမခံနိုင်တော့ပြန်လုပ်တာဘဲရှိတာ"

"ဟင် ဒါဆိုနင်အမြဲနိုင်ကျင့်ခံရတာလား"

"ဟုတ်တယ် ကျွန်တော့်ကိုဆိုသူတို့ကနိုင်ကျင့်ချင်ကြတယ်။ ဘာလို့မှန်းမသိဘူး။ သူတို့ကပြောတယ် ကျွန်တော်ကိုနင့်အမေကကျောင်းရှေ့မှာလာထားသွားခဲ့တယ်တဲ့ နင့်အမေကအကျင့်မကောင်းဘူးတဲ့ အဲလို့အမြဲပြောခံရတယ်။ ကျွန်တော်နားမလည်တာက သူတို့ကိုလည်းသူတို့အမေတွေက လာထားသွားခဲ့တာဘဲသူတို့နဲ့ကျွန်တော်နဲ့က အတူတူဘဲကိုဘာလို့ကျွန်တော့်ကိုဘဲပြောနေကြတာလဲမသိဘူး မမ"

8."ချစ်မိခဲ့သော်"Where stories live. Discover now