(Zawgyi)
ဇီဂိုနေ့လည်ရောက်တော့ဟီရာအားဖုန်းခေါ်လိုက်သည်။
ဇီဂို- ဟယ်လိုဟီရာ
ဟီရာ- အေဇီဂိုကိစ္စရှိလို့လား
ဇီဂို- နင်နဲ့ငါကကိစ္စရှိမှဖုန်းဆက်ရမယ့်သူတွေလား
ဟီရာ- ဟီးဟီး အဲ့လို့အဓိပ္ပယ်နဲ့ပြောတာမဟုတ်ပါဘူးဟ
ဇီဂို- ငါနင့်ကိုပြောစရာရှိတယ်
ဟီရာ- အေပြော
ဇီဂို- ငါဖုန်းထဲမှာမပြောချင်ဘူး။ နင့်မျက်နှာကိုတိုက်ရိုက်ကြည့်ပြီပြောချင်တာ
ဟီရာ- ဟမ် ဘာများပြောမလို့လဲ
ဇီဂို- တွေ့မှပြောကြတာပေါ့။ ငါလိပ်စာပို့ပေးလိုက်မယ်။ လှလှလေးပြင်ခဲ့နော်။
ဟီရာ- အေး
ဇီဂိုဆီမှဖုန်းကျသွားတော့သူမစိတ်လှုပ်ရှားလွန်းလို့ခြေလက်တောင်တုန်နေသည်။
"ငါ့ကိုလှလှလေးပြင်လာတဲ့။ ဟီးဟီးဒါအိပ်မက်မဟုတ်ဘူးမလား။"
သူမကိုယ်သူမဆွဲဆိတ်ကြည့်လိုက်သည်။
"အား နာတယ်ဟဒါဆိုတကယ်ကြီးပေါ့။ အားးးး ပျော်လိုက်တာ"
သူမကတိုက်ကရိုက်အိမ်ပြန်ခဲ့သည်။ ဇီဂိုနှင့်တွေ့ရင်ဝတ်ဖို့အတွက်အဝတ်တွေတစ်နေကုန်ရွေးနေပါတော့တယ်။
ဇီဂိုလည်းဖုန်းချပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချမှတ်ကာ
"သေချာတယ်။ ဇီဂိုမင်းယောင်္ကျားမလား ဖိုက်တင်း"
သူ့ကိုယ်သူအားပေးရင်းဟီရာနှင့်တွေ့ရမည့်အချိန်ကိုသာစိတ်လှုပ်ရှားစွာစောင့်နေလိုက်သည်။
ညနေ၄နာရီYou&Meဆိုတဲ့ကော်ဖီဆိုင်တွင်ဇီဂိုအရင်ရောက်နေသည်။ စိတ်လှုပ်ရှားလွန်းလို့သူစောကာထွက်လာမိသည်။
"ဟီရာငါနင့်ကို... အာမဖြစ်သေးပါဘူး။"
ဟီရာနှင့်တွေ့ရင်ပြောဖို့စကားတွေလေ့ကျင့်နေမိတာကဇီဂိုပါလေ။
"ငါအချစ်ကိုအခြားတစ်နေရာမှာရှာနေခဲ့မိတာအဲ့ဒါကတကယ်တော့ငါ့နဲ့နီးနီးလေးမှာရှိနေခဲ့တယ်။ နင်ဘဲဟီရာငါနင့်ကို..."
YOU ARE READING
8."ချစ်မိခဲ့သော်"
Actionမနဲ့မောင် မတော်တဆလား တိုက်ဆိုင်တာလား ဒါမှမဟုတ်ရည်ရွယ်ထားတာလား။ ဘာလို့ချစ်လဲမမေးပါနဲ့ သူ/သူမဖြစ်နေလို့ကိုချစ်မိခဲ့တာပါ။ ................... မနဲ့မောင် မတော်တဆလား တိုက်ဆိုင်တာလား ဒါမှမဟုတ်ရည်ရွယ်ထားတာလား။ ဘာလို့ချစ်လဲမမေးပါနဲ့ သူ/သူမဖြစ်နေလို့ကိုချစ...