အပိုင်း၇

1.4K 27 0
                                    

(Zawgyi)

ထိုသူဌေးသားလက်မှာ သူမဆီသို့မကျရောက်မီ အခြားလက်တစ်ဖက်ကအားပြင်းစွာဆွဲကိုင်လိုက်သည်။

ဆမ်တရေးကဒေါသငယ်ထိပ်ထိတက်လာပြီ

"မင်းကဘာကောင်မို့ငါ့ကိုတားရဲရတာလဲ လွှတ်လိုက်စမ်း"

ဇာန်ရေးလ်ကထေ့ငေါ့စွာဖြင့်ပြောလာခဲ့သည်။
"သခင်လေးဆမ်တရေးကမိန်းကလေးတစ်ယောက်ကိုတောင်ကိုယ်ထိလက်ရောက်ကျူးလွန်ရဲနေပြီပေါ့။ ဆုံးမမှုနည်းလို့ဥပဒေတွေတောင်နားမလည်တော့ဘူးနဲ့တူတယ်။ ငါဘာကောင်လဲဆိုတာအရေးမကြီးဘူး။ မင်းဘာကောင်လဲဆိုတာသိအောင်အရင်လုပ်လိုက်"

"မင်းလို့ကောင်ကများ ငါ့ကို..."

ဆမ်တရေးစကားမဆုံးခင် ဇာန်ရေးလ်ကဖြတ်ပြောလိုက်သည်။

"ဟက်..မင်းဘာကောင်လဲဆိုတာမင်းကိုယ်တိုင်သိအောင်လုပ်စရာမလိုဘူး မင်းပထွေးငါကလုပ်ပေးမှာလေ"
လို့ပြောကာဆမ်တရေး၏လက်အား ချိုးပစ်လိုက်တော့သည်။ ထိုသူဌေးသားမှာ နာကျင်စွာအော်ဟစ်တော့သည်။

"အားးးးးးးး မင်း.မင်း အားးငါ့လက်အားးးးးးလွှတ်..ငါ့လက်ကိုလွှတ် ခွေးကောင်မင်းလွှတ် အားးးးးးးး"

ဆမ်တရေးကြိမ်ဆဲလာတော့သူစိတ်တိုသွားကာ ပို၍အားထည့်ကာချိုးနေတော့သည်။

"အားးးးးးးးးးး အဖေ့ အားးးးး"

"မင်းသူမကိုအခုတောင်းပန်လိုက်ဒါဆိုလွှတ်ပေးမယ်"

ဆမ်တရေးကလုံးဝမကြောက်ဟန်
"ငါ့လိုလူကမိန်းမတစ်ယောက်ကိုတောင်းပန်ရမယ်။ မင်းဟာသလာပြောနေတာလား။ ဆုတောင်း‌နေလိုက်လုံးဝ‌မတောင်းပန်နိုင်ဘူး။"

"မတောင်းပန်ဘူးပေါ့ မင်းရဲ့လက်အကောင်းတိုင်းမရစေရဘူး"

ဇာန်ရေးလ်တကယ်ချိုးပစ်မယ်ဟန်ဖြင့် ပိုပြင်းပြင်းလိမ်လိုက်တော့သည်။ ဆမ်‌တရေးမှာ မျက်နှာတွင်သွေးရောင်တောင်မရှိတော့ ဖြူစုတ်ကာကြောက်လန့်တကြား

"အားးးးတောင်းပန်မယ် ငါတောင်းပန်ပါမယ် လက်ကိုအရင်လွှတ်ပေး အားးး"

"အခုချက်ချင်းတောင်းပန်လိုက်"

"အား တောင်းပန်ပါတယ် ငါမင်းကိုနှောင့်ရှက်မိတာတောင်းပန်ပါတယ်။ ထပ်မလုပ်တော့ပါဘူး။"

8."ချစ်မိခဲ့သော်"Where stories live. Discover now