(Zawgyi)သူလည်းပြုံးကာ သူမအနားသို့လျှောက်သွားလိုက်သည်။
"မ'နိုးပြီလား မ'ရှက်နေတာကျွန်တော်သိပါတယ်။ ကျွန်တော်မနက်စာသွားပြင်ထားလိုက်မယ်။ မ'ရေမိုးချိုးပြီထွက်လာခဲ့လိုက်နော်"
သူကညတုန်းကအင်္ကျီများအားပြန်ဝတ်လိုက်ကာ အပြုံးကြီးကြီးဖြင့်
"ဪဒါနဲ့မ'နာနေရင်ကျွန်တော့်ကိုပြော ကျွန်တော်ဆေးလိမ်းပေးမယ်ဗျာ့"
ပြောကာထွက်သွားတော့တယ်။ စောင်ကြားထဲသူမမျက်နှာကတော့မီးလိုပင်ပူနေရတော့သည်။ သူမ၏ပန်းနှဖက်သည်လည်းအနီရောင်သန်းနေခဲ့သည်။
ဘန်း...(တံခါးပိတ်သံ)
တံခါးဆွဲပိတ်သံကြားသည်နှင့်စောင်ထဲမှခေါင်းလေးပြူထွက်ကာ အခန်းအားစစ်ဆေးလိုက်သေးသည်။ ဘယ်သူမှမရှိမှန်းသေချာသွားမှသာ စောင်ကိုဖယ်ထုတ်လိုက်ပြီ ထမလို့ရှိသေးအောက်ပိုင်းကနာလာကာပြန်လည်ထိုင်ချလိုက်ရသည်။ သူမဝမ်းနည်းမှုအားစတင်ခံစားလိုက်ရသည်။ သူမပါးစပ်၌လည်း
"မကောင်းတဲ့ကောင် ငါ့ကိုအသေကြမ်းထားပြီ တစ်ယောက်တည်းထားခဲ့တယ် အီးဟီး... ငါ့ဘဝတော့ဆုံးပါပြီငါ့ရဲ့အပျိုစင်ဘဝလေးတော့ အီးဟီး......"
သူမတစ်ယောက်ထဲ ကုတင်ပေါ်တွင်ထိုင်ကာငိုနေသည်။ ငိုနေလို့ဘာမှမထူးမှန်းအသိဝင်တော့ သူမအားတင်းကာထလိုက်ပြီ ရေချိုးခန်းထဲသို့လျှောက်ဝင်သွားသည်။ သူမရဲ့စိတ်ထဲမှာရော အပြင်မှာပါဇာန်ရေးလ်အားကြိမ်ဆဲနေခဲ့သည်။
ရေနွေးစိမ်ကာရေချိုးလိုက်သောကြောင့် သူမနည်းနည်းတော့သက်သာလာခဲ့သည်။ အလိုက်တော့သိသာပင်။ သူကရေနွေးစပ်ပေးခဲ့တာကြောင့်အဆင်ပြေခဲ့ခြင်း။
သူမအဝတ်စားများဝတ်လိုက်ပြီ အခန်းတံခါးဟကာအပြင်သို့ချောင်းကြည့်လိုက်သည်။ သူမနားစွင့်လိုက်တော့ ဘာသံမှမကြားရတိတ်ဆိတ်ကာအရင်တုန်းကသူမတစ်ယောက်တည်းရှိခဲ့တဲ့အချိန်လိုပင်။ သူမနခမ်းကိုက်လိုက်ပြီအပြင်သို့လျှောက်ထွက်လာသည်။ ထင်တဲ့အတိုင်းပင် ဧည့်ခန်းထဲမှာလည်းမရှိတာကြောင့် မီးဖိုချောင်ထဲသို့ဝင်ကြည့်ပြန်သည်။
YOU ARE READING
8."ချစ်မိခဲ့သော်"
Actionမနဲ့မောင် မတော်တဆလား တိုက်ဆိုင်တာလား ဒါမှမဟုတ်ရည်ရွယ်ထားတာလား။ ဘာလို့ချစ်လဲမမေးပါနဲ့ သူ/သူမဖြစ်နေလို့ကိုချစ်မိခဲ့တာပါ။ ................... မနဲ့မောင် မတော်တဆလား တိုက်ဆိုင်တာလား ဒါမှမဟုတ်ရည်ရွယ်ထားတာလား။ ဘာလို့ချစ်လဲမမေးပါနဲ့ သူ/သူမဖြစ်နေလို့ကိုချစ...