(Zawgyi)
သူမဆေးရုံတွင်ရက်အနည်းငယ်နေခဲ့ရသည်။ ဆေးရုံကဆင်းသည်နှင့်သူမမာမီရဲ့နာရေးတွင်နေခဲ့သည်။
"ဒီမှာစခန်းခနလောက်လိုက်ခဲ့ပေးပါ။"
ရဲတွေကမာမီရဲ့နာရေးကိုလာကာသူမအားလာခေါ်ခဲ့သည်။ သူမအရွယ်ကငယ်သေးတာကြောင့် ကြောက်စိတ်တော့ဝင်မိသည်။ အခုသူမဘယ်သူနဲ့မှမတွေ့ချင်တော့ပါ။
"ဟမ် ဘာကိစ္စမို့လဲ"
"မစ္စလီဗယ်လာရဲ့သေဆုံးမှုအတွက်မေးမြန်းစရာလေးရှိလို့ပါ။"
သူမမာမီသည်သရုပ်ဆောင်လီဗယ်လာဖြစ်သည်။ ပရိတ်သတ်အတော်များများကိုပိုင်ဆိုင်ထားပြီ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ သူမတို့မိသားစုရဲ့အကြောင်းကိုတော့ မာမီကသိပ်မဖော်ထုတ်တတ်ပါ။ သူမကိုတောင်သိတဲ့သူကနဲနဲဘဲရှိသည်။
"သမီး ခနလောက်လိုက်သွားလိုက်နော်။ ဘာမှမကြောက်နဲ့အန်တီရောလိုက်ခဲ့မှာ။"
အန်တီမက်ကသူမအားနှစ်သိမ့်ကာအားပေးစကားပြောလာသည်။ သူမတွင်ဘာလို့အရာတွေကဆီးကြိုနေမလဲဆိုတာဘယ်သူမှမသိပါ။
"ဟုတ်ကဲ့ပါ"
သူမရဲစခန်းသို့လိုက်သွားခဲ့သည်။ သူမအားစစ်ဆေးခန်းသို့ခေါ်ဆောင်ကာ မာမီဘာကြောင့်ဒီလိုလုပ်ခဲ့လဲဆိုတာမေးခဲ့သည်။
"စစ်ဆေးချက်အရသေဆုံးချိန်မှာမစ္စလီဗယ်လာကဆေးသုံးခဲ့တယ်လို့သိရပါတယ်။ အခင်းဖြစ်ရာနေရာမှာ မင်းကမျက်မြင်သက်သေတစ်ဦးဖြစ်ခဲ့တယ်။ မင်းသူမဆေးသုံးတာမြင်ခဲ့လား။"
ထိုရဲရဲ့တည်တံ့စွာမေးမြန်းမှုကိုသူမရင်မဆိုင်နိုင်ပါ။ သူမမာမီမှာဒီလောက်နာကျင်ခဲ့ရပြီးပြီ သေသွားတာကိုတောင်ဒုက္ခလိုက်ပေးတုန်းဖြစ်သည်။
သူမကိုတစ်နာရီကြာစစ်မေးခဲ့သည်။ ရဲရဲ့မေးမြန်းမှုများကိုတုံ့ပြန်ခဲ့သောသူမရဲ့တစ်ခွန်းတည်းက မဟုတ်ဘူးဟူ၍ဖြစ်သည်။ ရဲစခန်းကသူမအားစစ်မေးမှုကိုလက်လျော့လိုက်ပြီ သူမကိုလွှတ်ပေးခဲ့သည်။
သူမမာမီနာရေးပြီးသွားတော့ သူမတို့မိသားစုနေခဲ့သောအိမ်သို့ပြန်ရောက်လာခဲ့သည်။ မာမီရဲ့အရိုးပြာအိုးလေးကိုပိုက်ကာအိမ်ထဲသို့ဝင်လာခဲ့သည်။
YOU ARE READING
8."ချစ်မိခဲ့သော်"
Actionမနဲ့မောင် မတော်တဆလား တိုက်ဆိုင်တာလား ဒါမှမဟုတ်ရည်ရွယ်ထားတာလား။ ဘာလို့ချစ်လဲမမေးပါနဲ့ သူ/သူမဖြစ်နေလို့ကိုချစ်မိခဲ့တာပါ။ ................... မနဲ့မောင် မတော်တဆလား တိုက်ဆိုင်တာလား ဒါမှမဟုတ်ရည်ရွယ်ထားတာလား။ ဘာလို့ချစ်လဲမမေးပါနဲ့ သူ/သူမဖြစ်နေလို့ကိုချစ...