(Zawgyi)"မ'ရဲ့လက်ရာစားကောင်းလိုက်တာဗျာ"
သူပြောတာကြောင့် သူမမျက်လုံးလှန်မိသည်။ အသင့်စားခေါက်ဆွဲပြုတ်ကို ဘာမှထွေထွေထူးထူးလုပ်လိုက်ရတာမဟုတ်။ ဒါတောင်လက်ရာကစားကောင်းတယ်တဲ့ အံ့ဩပါတယ်။
"စားစရာရွိတာစား အပိုတွေပြောမနေနဲ့ ခေါက်ဆွဲပြုတ်လေးကိုများ"
"မ'ကလည်းခေါက်ဆွဲပြုတ်ဆိုပေမယ့် မ'ကိုယ်တိုင်လုပ်ထားတာလေဗျာ"
"အေးပါကြိုက်သလိုသာပြောတော့ မင်းကိုလည်းမနိုင်ဘူး"
စားလို့ပြီးတော့ဇာန်ရေးလ်ကပန်းကန်တွေလုဆေးတာကြောင့် သူမဧည့်ခန်းတွင်သာထိုင်နေတော့သည်။ ဆေးပြီးလို့သူကမီးဖိုချောင်ကထွက်လာခဲ့သည်။
သူသည်အင်္ကျီလက်များကို ခေါက်တင်ထားသည်။ လက်ပြန်သွေးကြောများကိုမြင်နေရသည်။ အစိမ်းရောင်သွေးကြောများသည် အသားဖြူရောင်ပေါ်တွင် ဝါးပင်ပန်းချီကဲ့သို့ခန့်ညားလွန်းသည်။ သူမထက်ငယ်ပေမယ့် အရပ်က၆ပေလောက်ရှိမည်ပင်။
အသက်ငယ်တဲ့သူတွေကိုသူမမကြိုက်ပေမယ့် သူကတော့ကွဲပြားသည်။ သူသည်အားကိုးချင်စရာကောင်းသော ဒယ်ဒီကြီးလိုပုံဖြစ်သည်။ အခုခေတ်ချစ်စရာကောင်းသောမိန်းကလေးများ၏ အကြိုက်ပုံစံဖြစ်သည်။
"မ'ရယ်အဲလို့ကြီးဘဲကြည့်မနေနဲ့လေဗျာ ကျွန်တော်ရှက်လာပြီ"
သူမကြောင်သွားကာ အမြန်ကြည့်လွဲလိုက်ရသည်။ ပါးမ်ားနီရဲကာ သူ့ကိုပင်မကြည့်ရဲတော့ ခေါင်းငုံ့ပြီချောင်းတဟွတ်ဟွတ်ဆိုးနေတော့သည်။
"အဟွတ် အဟွတ်"
"မ'အဆင်ပြေရဲ့လား"
သူကစိုးရိမ်စွာမေးသည်။
"အဟွတ်..အဆင်ပြေတယ် ဒါနဲ့မင်းမပြန်သေးဘူးလား"
သူကကြောင်တောင်တောင်လုပ်ကာ
"အမ်..."
"ဘာလဲမပြန်ဘူးလို့တော့မပြောနဲ့နော် ညလည်းနက်နေပြီပြန်တော့"
"မ'ကလည်းအရမ်းနှင်တာဘဲဗျာ ကျွန်တော်ထပ်နေချင်သေးတယ်"
"မင်းရလေလိုလေပါလား အခွင့်ရေးပေးတာအကန့်သတ်နဲ့ မရဘူးပြန်"
![](https://img.wattpad.com/cover/323859109-288-k470237.jpg)
YOU ARE READING
8."ချစ်မိခဲ့သော်"
Actionမနဲ့မောင် မတော်တဆလား တိုက်ဆိုင်တာလား ဒါမှမဟုတ်ရည်ရွယ်ထားတာလား။ ဘာလို့ချစ်လဲမမေးပါနဲ့ သူ/သူမဖြစ်နေလို့ကိုချစ်မိခဲ့တာပါ။ ................... မနဲ့မောင် မတော်တဆလား တိုက်ဆိုင်တာလား ဒါမှမဟုတ်ရည်ရွယ်ထားတာလား။ ဘာလို့ချစ်လဲမမေးပါနဲ့ သူ/သူမဖြစ်နေလို့ကိုချစ...