1

718 57 2
                                    

ပြန်ချစ်လာပါလို့ တောင်းဆိုနေမှာမဟုတ်ဘူး ငါက မောင့်ကို ငါမှငါဆိုပြီး အရူးအမူးဖြစ်​ေနတဲ့အထိ ချုပ်နှောင်ထားမှာ......

🦋

Haruto အသက် 30။ manhwaဆွဲတဲ့ ဂျပန်ကောင်လေးတစ်ယောက်။

ရိုးရှင်းပါသည်။ ဒါက ကျွန်တော့်ရဲ့ပရိုဖိုင်တစ်ခုပေါ့။ လူတွေက Harutoဆိုတာဘာလဲမေးလာတဲ့အခါ သည်စာနှစ်ကြောင်းဟာ ကျွန်တော် ပြန်ဖြေတတ်တဲ့အဖြေတွေပဲ....။

ပကာသနတွေမမက်တဲ့ကျွန်တော် အခုလက်ရှိအလုပ်မှာလည်း အဆင်ပြေပြေနဲ့ စောဒကမတတ်ဘဲ လုပ်နေတယ်။အထက်လူကြီးက "ဒါ"ဆို ကျွန်တော်တို့အောက်ခြေဝန်ထမ်းတွေကလည်း "ဒါ"ဆိုတဲ့အရာကြီးကိုပဲ လိုက်လုပ်ကြရသည်မလား။

"ဒီနေ့ CEOအသစ်ရောက်မယ်တဲ့ အရင်ဥက္ကဋ္ဌကြီးရဲ့သားငယ်တဲ့လေ"

"ငါကြားတာက သားကြီးလို့ကြားတာပါဟဲ့"

"ဘယ်ကလာ... သားအကြီးက ကနေဒါမှာရှိတဲ့ ဒီဇိုင်းကုမ္ပဏီတစ်ခုကို ကိုယ်တိုင်ထောင်ထားပြီး ဦးစီးနေတာဆိုပဲ"

"မြင်မှမမြင်ဖူးတာပဲဟယ် ငါတို့ဘယ်သိမလဲ"

Harutoက သူ့ဘေးနားမှာထိုင်ပြီး လေပေါနေကြတဲ့ သူငယ်ချင်းမနှစ်ယောက်ကို လှမ်းကြည့်ပြီးအော်လိုက်တယ်။

"မိချန်းချန်းနဲ့ နာနမိ! နင်တို့အလုပ်ကိုအာရုံစိုက်ကြစမ်းပါ နင်တို့လေပေါနေတာနဲ့ ငါစျာန်မဝင်တော့ဘူး"

"အရေးထဲမှာ နင်ကတစ်မျိုး rutoရယ်"

သူတို့အခုလုပ်နေသည့် ကုမ္ပဏီက သူတို့လို manhuaတွေဆွဲတဲ့လူ၊ ဝတ္ထုတွေရေးတဲ့လူတွေအတွက် မရှိမဖြစ်လိုအပ်သည့် ထုတ်ဝေရေးကုမ္ပဏီအကြီးစားကြီးတစ်ခုဖြစ်သည်။ Harutoနဲ့သိသလောက် စာရေးဆရာတချို့ကတော့ ကိုယ့်အိမ်ကိုယ့်ယာမှာပဲ စာရေးကြပြီး စာမူကိုmailကနေ တာဝန်ခံဆီကိုပို့ပေးကြသည်။

တချို့သော webtoonဆရာတွေလည်း အဲ့သည်လိုပင်။ သူနှင့်အတူ နာနမိတို့၊ချန်းချန်းတို့လို နိုင်ငံခြားအဖွဲ့ဝင်တချို့ကသာ အိမ်ငှား​ရှာပြီးနေနေရတဲ့သူတွေဖြစ်တာမို့ နေ့ဘက်ပိုင်းတွေ ဒီကအလုပ်ခန်းမှာလာပြီး သောင်တင်နေကြတာဖြစ်သည်။

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now