2

239 36 2
                                    

Mallထဲကို ခြေချလိုက်သည့်အလျောက် အသက်ပင်ဝဝမရှူရသေး။ ဘေးနားက ရှပ်ပြာယာနှစ်ယောက်သည် ခပ်လောလောနဲ့ထွက်သွားကြမည် လုပ်နေ၏။

"အထည်ဆိုင်ကောင်းကောင်းလေး ငါတို့လိုက်ရှာလိုက်အုံးမယ် တွေ့မှနင့်ကိုလာခေါ်တော့မယ် နင့်ပုံစံက ငါတို့နဲ့လိုက်ချင်တဲ့ပုံလည်း ပေါက်မနေတော့ဟယ်"

"အင်း ငါ ပထမထပ်က ကော်ဖီဆိုင်မှာပဲ ထိုင်နေမယ်"

"ပျင်းနေရင် ငါတို့ဖုန်းဆက်လိုက် rutoကြားလားဟဲ့"

"ကြားတယ်ကြားတယ် သွားကြ"

သူငယ်ချင်းမတွေထွက်သွားတာနဲ့ Harutoက ကော်ဖီဆိုင်ရဲ့ ကောင်တာကိုသွားလိုက်တယ်။

"ဟို chocolate milkteaလေးရနိုင်မလား"

"ဟုတ်ရပါတယ် bubbleနဲ့လား jellyနဲ့လားဟင်"

"နှစ်မျိုးစလုံးမျှပြီးထည့်ပေးပါ"

"Nae ရရင် လာပို့လိုက်ပါ့မယ်ရှင် ထိုင်စောင့်ပေးပါအုံးနော်"

ခေါင်းတစ်ချက်ငြိမ်ပြပြီး ကော်ဖီဆိုင်ထဲက ထောင့်တစ်နေရာကို သွားကာ လူအလာနည်းတဲ့ဝိုင်းမှာ ထိုင်လိုက်သည်။ သူ့ကျောပိုးအိတ်ထဲက လက်ပ်တော့ကိုထုတ်လိုက်ပြီး ဖတ်လက်စ manhwaတစ်ခုဖတ်နေ၏။

အင်း နာမည်က Painter of the night.....

ဖတ်ချင်လို့တော့မဟုတ်ပါဘူး သူ့ကို BL manhwaတွေက ကောင်းတယ်ဆိုပြီး နာနမိနဲ့ မိချန်းချန်းက အမြဲတကျီကျီနဲ့ပြောနေတော့ စမ်းဖတ်ကြည့်ရင်းဖတ်ဖြစ်သွားတာ။ လက်ရာနဲ့plotပိုင်းကိုလည်း တစ်ပါတည်းလေ့လာမို့ရတာမို် Harutoကတော့ ဘယ်mangaဖြစ်ဖြစ် ဖတ်နေရရင်ကို စိတ်ချမ်းသာနေတတ်သူ။

"ရပါပြီ အေးအေးဆေးဆေး သုံးဆောင်ပါရှင့်"

"ကျေးဇူးပါ"

ရင်ထဲကို လှိုက်မောစွာဝင်ရောက်လာသည့် ချောကလက်နို့ လက်ဖက်ရည်အေးအေးလေးသည် သူခံစားနေရတဲ့ အမောအမူးတွေ အကုန်ပြေသွားစေသည်။ တကယ်ပါပဲ

Milk teaသောက်နေရတဲ့အခိုက်အတန့်က လူ့ဘဝရဲ့ အထွတ်အထိပ်ကိုရောက်နေတဲ့ ကာလအပိုင်းအခြားလေးလိုပဲ။

"milk teaရှိနေရင် ဘာရည်းစားမှမလိုဘူးဆိုတာ တကယ်အမှန်ပဲ"

ကွန်ပြူတာမောက်စ့်ကို ပွတ်ဆွဲရင်း manhwaဖတ်လိုက်၊ milk teaသောက်လိုက်နှင့် Harutoတစ်ယောက် အလုပ်တော်တော်ဖြစ်နေသည်။ နာရီကိုကြည့်လိုက်တော့ နေ့လည် 1နာရီ။ သူတို့ကုမ္ပဏီကနေ စထွက်လာတာက 11နာရီ။

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now