3

227 38 5
                                    

"ကုမ္ပဏီက ဥက္ကဋ္ဌကြိုဆိုပွဲကိုတောင် သက်သက်ဟိုတယ်ငှားပြီးလုပ်မပေးဘူးနော် သုံးလွှာက ခန်းမမှာလုပ်မယ်တဲ့ စိတ်ညစ်ပါတယ်"

ကုမ္ပဏီထဲဝင်ဝင်ချင်း သူလိုငါလိုပင် ရောက်နေကြသည့် အနုပညာရှင်ကြီးငယ်မရွေးဟာ ဖြန့်ကျက်ပြီးနေရာယူနေကြပြီ။ တချို့အောင်မြင်လွန်းတဲ့ ဇာတ်ကားထုတ်ဝေရေးအပိုင်းက dramaမင်းသားမင်းသမီးတွေကတော့ mediaတွေဒဏ်ကြောင့် သက်သက်အခန်းကိုယ်စီနဲ့နားနေရသည်။

စာရေးဆရာတချို့ကတော့ ကိုယ်သိကျွမ်းရာနယ်ပယ်က စာရေးဆရာအချင်းချင်းနဲ့ စကားတွေထိုင်ပြောကာ ဖောင်ဖွဲ့ကြသည်။

ညနေသုံးနာရီဆိုရင် စမဲ့ပွဲကြောင့် နာနမိနှင့် မိချန်းချန်းကတော့ ကျွန်တော့်အား အထုပ်တစ်ထုပ်ပေးကာ

"ဟဲ့နင်ဒါဝတ်လိုက်နော် ညနေကြ။ စုတ်ပြတ်နေတဲ့ဒီလိုပုံစံကြီးကို သူဌေးမြင်ရင် သူငှားထားတဲ့ အတော်ဆုံးwebtoonဆရာကြီးက စိတ်ကုန်စရာကြီးဆိုပြီး ထင်သွားလိမ့်မယ်"

ဟု ပက်ပက်စက်စက်ပြောကာ ပစ်ထားသွားခဲ့ပြီ။ Harutoက အထုပ်လေးကို လက်မှာချိတ်ရင်း သူ့ရဲ့အသိ Asahiရှိရာ ပထမထပ်က စာရေးဆရာဝိုင်းကိုသွားလိုက်တယ်။

"ဟေး Butterfly ဆွဲတဲ့ Haruto sunbaenimဟုတ်တယ်မလား"

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က Heechan"

"ကျွန်တော်က KyungTae"

"ကျွန်တော်က Minwoo တွေ့ရတာဝမ်းသာတယ်နော်"

"ကျွန်မက Sulriပါ တွေ့ရတာဝမ်းသာပါတယ်"

"Nae nae ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ် နောက်လမ်းမှာတွေ့ရင် ခေါ်ပါပြောပါ"

"Haruto sunbaeက စာရေးဆရာဝိုင်းဆီလာပုံထောက်ရင် ဘာကိစ္စများရှိလို့လဲ"

"Asahiကိုလာနှုတ်ဆက်တာပါ ကျွန်တော့်သူငယ်ချင်းမို့ပါ"

"အာ.... Asahi sunbaeက လျှိုထားတယ်မပြောဘူး ကျွန်တော်တို့ကို sunbaenimနဲ့သူငယ်ချင်းမှန်း...."

Asahiက ထလာပြီး ခေါင်းတခါခါနဲ့ သူ့ပုခုံးပေါ်လက်တင်ကာ ပြုံးနေ၏။ Harutoကတော့ သူရောက်လာမှ စကားစပြတ်သွားတဲ့ စာရေးဆရာဝိုင်းက လူတွေကိုအားနာနေတဲ့ဟန်။

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now