10

452 47 19
                                    

အိတ်ကပ်ထဲက ချိန်းကြိုးနာရီလေးကို ထုတ်ကြည့်တော့ ဆယ်နာရီခွဲခါနီးနေပြီ။

Jeongwooက သူနေတဲ့ဒုတိယထပ်ကနေ အောက်ထပ်ကိုရောက်ဖို့ လှေကားတဖြည်းဖြည်းချင်းဆင်းလာတယ်။ လက်ဘက်ရည်ဝိုင်းက နေမြင့်​ေနပြီဆိုတော့ သူတစ်ယောက်စာသာ ရှိတော့သည်။

"ဒါတွေသိမ်းလိုက်ပါ အန်တီလေး ကျွန်တော် လမ်းမှာဝင်စားဖို့လုပ်ထားတယ်ရယ်"

အချက်အပြုတ်ပိုင်းက အဒေါ်ကြီးကို စားပွဲဝိုင်းမှာစကားလှမ်းပြောနေတုန်း ဧည့်ခန်းဆီက စကားသံအကျယ်ကြီးတစ်ခုထွက်လာသည်။

"ဥက္ကဋ္ဌ Hanက ငါ့ကိုဖုန်းဆက်လာတယ် ဂျောင်လာဘတ်မှာဆောက်မဲ့ ဟိုတယ်ကမ်ပန်းကို သူတို့မြုပ်နှံဖို့ကိစ္စကို ပြန်စဥ်းစားချင်တယ်တဲ့ ဒါတွေအားလုံးက မင်းကြောင့်ပဲ Jeongwoo"

Jeongwooက စားပွဲပေါ်က စပျစ်သီးခြောက်တစ်ခု ကောက်ဝါးရင်း ရေတစ်ခွက်မော့သောက်ပြီးမှ သူ့အဖေကို စကားပြန်ပြောတယ်။

"ဖေဖေ ဘာဖြစ်နေလဲ Han groupက နဂိုတည်းက ရှယ်ယာထည့်မှာမဟုတ်ဘူးလို့ ကျွန်တော် ပြောပြခဲ့ပြီးသားပဲ ပြီးတော့ ဒီကမ်ပိန်းကအောင်မြင်မယ်ဆိုတာ အဖေရော ကျွန်တော်ရော သိနေတာပဲလေ Yoon groupက ရှယ်ယာတွေနဲ့တင် ကျွန်တော်တို့ရှေ့ဆက်လို့ဖြစ်နေပြီ"

"ဘာလို့ သူတို့သမီးနဲ့လမ်းခွဲခဲ့ရတာလဲ"

"အစတည်းက ကျွန်တော့်သဘောတိုင်း လုပ်ခဲ့တာမှမဟုတ်တာ ဒီကိစ္စကိုထပ်ပြောမယ်ဆို အဖေ့ကုမ္ပဏီကို ကျွန်တော်ဦးစီးဖို့ကိစ္စကိုလည်း ပြန်စဥ်းစားရလိမ့်မယ်"

အဖေဟာ သွေးတိုးရှိတဲ့လူတစ်ယောက်။ အခုလည်း သွေးတိုးရှိတာကိခုတုံးလုပ်ပြီး ဂုတ်ပိုးကိုလက်နဲ့ကိုင်ရင်း အော်နေဆဲ။ Jeongwoo​က အိမ်တံခါးမကြီးရဲ့ အထွက်နားက ဖိနပ်စင်လေးခုဆီ လျှောက်သွားတယ်။

သူ သူ့အဖေကိုပြန်ရန်တွေ့ဖို့ အချိန်ရှိမနေခဲ့ပါဘူး...

သုံးခုမြှောက်သော သူ့ဖိနပ်စင်က ဖိနပ်လေးရံသာရှိသည်။ သူ့ဖိနပ်စင်က မေမေရယ် မမလတ်ရယ်ရဲ့ဖိနပ်စင်တွေလို ပြည့်သိပ်ညှပ်နေတဲ့ ဖိနပ်စင်အကြီးကြီးတွေလို မဟုတ်။ လည်သာရှူးတစ်စုံရယ်၊ sneaker အဖြူတစ်စုံရယ် အိမ်နေရင်းစီး slipperရယ်...

You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now