4

183 35 0
                                    

"ကျွန်တော်တို့ Yeonwoo ကုမ္ပဏီကို အဓွန့်ရှည်အောင် အဖက်ဖက်က ကူညီပေးနေတဲ့ ဘုတ်အဖွဲ့ဝင်တွေကို ကျေးဇူးတင်ချင်ပါတယ်

နောက်ပြီးထုတ်ဝေရေးကုမ္ပဏီတစ်ခုလုပ်ဖို့က မလွယ်ဘူးဆိုတာ ဖေဖေပြောပြလို့ ကျွန်တော်လည်း အတော်အသင့် သိထားပြီးသားပါ အခုအချိန်ထိလက်တွဲပြီးလုပ်ကိုင်ပေးနေကြတဲ့ စာရေးဆရာတွေ manhwagaတွေအပြင် သရုပ်ဆောင်၊အဆိုတော် စတဲ့ Yeonwooအဖွဲ့အစည်းနဲ့လက်တွဲဖူးတဲ့သူတိုင်းကို ကျွန်တော် လေးစားသလို ကျေးဇူးလည်းတင်ပါတယ်

အဓိကကတော့ ဥက္ကဋ္ဌအသစ်ဆိုပြီး စိတ်ထဲမထားဘဲ လိုအပ်တဲ့အကူအညီရှိလာရင် ကျွန်တော့်ဆီလာပြီးတောင်းလို့ရတယ်ဆိုတာကို ပြောပြချင်တာပါ။

အားလုံးက မိသားစုတစ်ခုလိုပဲလို့ ကျွန်တော်ထင်တာမို့ Yeonwoo groupနဲ့လက်တွဲနေတဲ့သူတိုင်းကိုလည်း ကျွန်တော်ကအမြင့်ဆုံးအထိရောက်အောင် ဘေးကနေ ထောက်ပံ့ပေးသွားမယ် nae ဒီလောက်ပါပဲ..."

တစ်မိနစ်ကျော်ပဲ ရှည်ကြာနေတဲ့ ခပ်ငယ်ငယ်ဥက္ကဋ္ဌရဲ့ မိန့်ခွန်းကို အားလုံးက ပြုံးပျော်ပျော်မျက်နှာထားကိုယ်စီနဲ့ လက်ခုပ်ဝိုင်းတီးပေးနေကြသည်။ မတီးပေးနိုင်သူက Haruto။

စင်မြင့်နဲ့ သုံးဝိုင်းကျော်အကွာကနေ ထိုင်နေရသူမို့ ဥက္ကဋ္ဌအသစ်ရဲ့ပုံပန်းသဏ္ဌာန်ကို သူ့အပြည့်အဝ ကြည်ကြည်လင်လင်ကြီးကို မြင်နေရ၏။ အသက်30အကျော်မှ ရလာတဲ့ crushလေးကလည်း CEOဖြစ်နေပြန်၏။

ကြည့်ရသည်က သူဒီတစ်သက် အိမ်ထောင်ကျတော့မည့်ပုံ မပေါ်လှပေ။Harutoသက်ပြင်းကို တိုးတိုးလေးခိုးချတာတောင်မှ ဘေးနားက ကဲစိန်နှစ်ယောက်သည် ဒါကိုကြားသွားသည်ထင်...

ဘေးနှစ်ဖက်ခြံရံပြီး ဘာတွေစိတ်ညစ်နေလဲဟု မေးခွန်းထုတ်လာပြီ။

"M mallမှာတုန်းက ငါပြောတဲ့ ကောင်လေးဆိုတာလေ.... အဲ့ဒါ စင်ပေါ်ကမိန့်ခွန်းပြောနေတဲ့လူပဲ"

သူ တိုးတိုးလေးပြောလိုက်တော့ နာနမိသည် ဖုန်းကိုထောင်ပြသည်။သဘောကတော့ "group chatထဲမှာစာရိုက်ပို့" ဆိုသည့် အဓိပ္ပာယ်။ Harutoက သက်ပြင်းရှည်ကြီးချရင်း စာရိုက်ပို့လိုက်တော့ တောသူမနှစ်ယောက်က stickerတစ်သိန်းနဲ့ ဗ​ေလာင်ဆူနေကြ၏။

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now