9

161 36 3
                                    

မှန်ရှေ့မှာပေါ်နေတဲ့ ပုံရိပ်ကို Jeongwooတစ်ယောက် တော်တော်နှင့်သဘောမကျ။ ခါတိုင်း အလုပ်သဘောအရ suitတွေပဲဝတ်နေရတာက အဆင်ပြေပေမယ့် ပထမဆုံး သူများထမင်းကျွေးတာကို လိုက်စားရမယ့်သူ့အတွက်

အပြင်အဝတ်အစားဝတ်ပြီးသွားရတာက သိပ်ပြီးအဆင်မပြေ။ အဝတ်အစားအကြောင်း၊ fashionတွေအကြောင်းကို သိပ်ပြီးဂရုမစိုက်တဲ့ Jeongwooက  ဘယ်တစ်ခုက ဘယ်တစ်ခုနဲ့တွဲဝတ်ရင် လိုက်ဖက်တယ်ဆိုတာကို သိမနေဘူး။

"အမေ ဘယ်လိုထင်လဲ? ဒီတစ်ခုနဲ့ ဒီတစ်ခုကို"

တစ်ခုက စစ်စိမ်းပုပ်ရောက် hoodieနှင့် ခဲနက်ရောင် free style ဘောင်းဘီအပွ။ဝတ်လိုက်ရင်တော့ လူငယ်ဆန်ပြီး မရင့်ကျက်သည့်ပုံစံပေါက်သွားမှာကြောင့် Jeongwooက သိပ်မသဘောမကျ။

နောက်တစ်ခုက ကော်လံခပ်ထူထူပါတဲ့ ရှပ်လက်ရှည်အကင်္ျီမိုးပြာရောင်နဲ့ ဂျင်းဘောင်းဘီအနက်။

"သားကြိုက်တာ ဝတ်လေကွဲ့"

"သားက နှစ်ခုစလုံးနဲ့အဆင်ပြေတယ်"

"အမေ့အထင်ပြောရရင် ဒီစစ်စိမ်းရောင်လေးဝတ်! သားသဘောပဲ မြန်မြန်မနက်စာလာစားဖို့လုပ်တော့"

ပြောပြီးတာနဲ့ အခန်းဝမှာရပ်နေတဲ့ အမေဖြစ်သူက ထွက်သွားလေပြီ။ Jeongwooက ထုံးစံအတိုင်း မိခင်ရဲ့ Fashionက သူ့ထက်ပိုဆိုးကြောင်းကိုသိနေတာမို့ ရှပ်အကင်္ျီဝတ်ဖို့ပဲဆုံးဖြတ်လိုက်ပြီး ကောက်စွတ်လိုက်တယခ။

ကိုယ်လုံးပေါ် မှန်အတွင်းမှာ ပေါ်နေတဲ့သူက နာရီမဝတ်တတ်သည့် Business manတစ်ယောက်ဖြစ်သည်။ ဆောင်ထားနေကြ ချိန်းကြိုးနာရီအသေးစားလေးကို shirtအကင်္ျီရဲ့အိတ်ထောင်ထဲ Jeongwooက ပစ်ထည့်လိုက်သည်။

သူ နာရီဝတ်နေကြမဟုတ်တော့ နာရီကြီးလက်မှာ ပတ်ထားရတာကို Jeongwooတစ်ယောက် သဘောမကျ။

သူငယ်ချင်းနှင့်စပ်တူ ကိုယ်ပိုင်ထူထောင်ဖို့လုပ်နေတဲ့ ထုတ်ဝေရေးကုမ္ပဏီတစ်ခုအတွက် Jeongwooက အလုပ်များနေတာ ဒီအပတ်အတွင်း အချိန်ပိုပင်မရှိ။ ဒါကိုတောင် အပြင်ထွက်ပြီးနေ့လည်စာစားဖို့ ကြံနေတာကြောင့် မှန်ရှေ့မှာ ပဲများနေတဲ့မောင်ဖြစ်သူကို အခန်းဝမှ Scarletက လှမ်းအော်ပြီးစနောက်သွားသေး၏။

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now