5

177 38 4
                                    

"ဟဲ့ အော် လမ်းက ဒီဘက်မှာ harutoရေ"

သူတစ်ယောက်တည်းခိုးကြိုက်ပြီး သူတစ်ယောက်တည်း မလုံမလဲဖြစ်နေတာကြောင့် Harutoက အစပ်တွေကုန်းပြီးစားနေမိရာက ဥက္ကဋ္ဌဆိုသော ကောင်လေးလည်းထသွားရော ဝိုင်လေးငါးခွက်လောက် အမြန်ပစ်သောက်လိုက်ရသည့် အဖြစ်ကိုရောက်ရှိသွားလေပြီ။

ဝိုင်တွေအဆမတန်သောက်မိတဲ့ အကျိုးရလဒ်ကတော့ လမ်းတောင်ကောင်းကောင်း မရောက်တော့တာပင်။

ကုမ္ပဏီကြီးရဲ့မျက်နှာစာက လမ်းမထက်မှာ taxiစောင့်နေရင်း ထိန်းမနိုင်သိမ်းမရသည့် ဒီဖရိုဖရဲအခြေအနေကြီးအား နာနမိနှင့် ယွန်းချန်းက စိတ်ကုန်လာပြီဖြစ်သည်။

"Taxiကလည်း မလာတော့ဘူးလားမသိဘူး ဒီအရူးကလည်း အမူးမပြေ၊ ငါ့ဒေါက်ဖိနပ်ကြီးကလည်း နာ"

"အိမ်ပြန်ရောက်ရင်လည်း အိမ်ငှားအဒေါ်ကြီးက ငါတို့ကိုနောက်ကျလို့ ပွားတော့မယ်"

"Haruto ငှားနေတဲ့တိုက်ခန်းကရော ဒီအချိန်ရော ဖွင့်ပါအုံးမလား?"

"သူ့အခန်းpassword နင်မှတ်မိသေးလား"

မူးနေတဲ့ သူ့ကိုထိန်းရင်း သူတို့နှစ်ယောက်ရဲ့စကားဝိုင်းထဲကို လူတစ်ယောက်ထပ်ဝင်လာတယ်။မြင်နေကျ အနက်ရောင် suitအပေါ် ကာကီရောင်ကုတ်လေးထပ်ဝတ်လာတဲ့ ကောင်လေးတစ်ယောက်။

"ဘယ်ကိုပြန်မှာလဲ ကျွန်တော် လိုက်ပို့ပေးပါ့မယ်"

"အစ်မတို့က ဒီနားလေးမှာနေတာရယ် သူကသာ ပြန်ရမယ့်သူလေ ဥက္ကဋ္ဌ"

"ရပါတယ် အပြင်မှာတွေ့ရင် ကျွန်တော့်ကို အဆင်ပြေသလိုပဲခေါ်လို့ရပါတယ် အစ်မတို့"

အမှန်တော့ မာယာအစုံထုတ်သုံးပြီး သူငယ်ချင်းရည်းစားရအောင် ကြံရဖန်ရခြင်းဖြစ်မှန်းကိုတော့ မည်သူမျှမှထုတ်ပြောခြင်းမပြုကြပေ။

Haruto၏ တိုက်ခန်းနှင့် သူတို့ငှားနေသော လုံချင်းတစ်ထပ်အိမ်လေးသည် သုံးအိမ်မျှသာ ဝေးလေသည်။လူပဲ မုသားမပါ လင်္ကာမချောတဲ့!

"အဲ့ဒါဆို သူ့ကိုလိုက်ပို့ပေးနိုင်မလားဝင် မောင်လေး"

"ရတယ် ကျွန်တော် လိုက်ပို့ပေးလိုက်ပါ့မယ် လိပ်စာပေးလိုက်လေ"

𝖬𝗒 𝖱𝗈𝗌𝖾, 𝖬𝗂𝗇𝖾 • ʰʲʷWhere stories live. Discover now